Quran with Burmese translation - Surah Al-Baqarah ayat 143 - البَقَرَة - Page - Juz 2
﴿وَكَذَٰلِكَ جَعَلۡنَٰكُمۡ أُمَّةٗ وَسَطٗا لِّتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيۡكُمۡ شَهِيدٗاۗ وَمَا جَعَلۡنَا ٱلۡقِبۡلَةَ ٱلَّتِي كُنتَ عَلَيۡهَآ إِلَّا لِنَعۡلَمَ مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيۡهِۚ وَإِن كَانَتۡ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ هَدَى ٱللَّهُۗ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَٰنَكُمۡۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٞ رَّحِيمٞ ﴾
[البَقَرَة: 143]
﴿وكذلك جعلناكم أمة وسطا لتكونوا شهداء على الناس ويكون الرسول عليكم شهيدا﴾ [البَقَرَة: 143]
Ba Sein ၁၄၃။ သင်တို့သည် လူသားအပေါင်းတို့အပေါ်၌ သက်သေဖြစ်စေခြင်းငှာသော်လည်းကောင်း၊ တမန်တော် မုဟမ္မဒ်သည် သင်တို့အပေါ်၌ သက်သေခြင်းစေခြင်းငှာသော်လည်းကောင်း၊ ငါအရှင်မြတ်သည် သင်တို့အား လူသားတို့အလယ်တွင် ကြားလူမျိုးအဖြစ်ဖြင့် ဖန်ဆင်းထားတော်မူ၏။ ငါအရှင်သည် တမန်တော်မုဟမ္မဒ်နောက်သို့လိုက်သောသူနှင့် မလိုက်သောသူတို့ကို ခွဲခြား သိစေရန် သင်တို့ရှေးကမျက်နှာမူသော(ကေဗလာ)ကိုသတ်မှတ်ပေးတော်မူ၏။ အရှင်မြတ်လမ်းပြ တော်မူခြင်းခံရသောသူတို့မှတပါး အခြားသူတို့အဘို့ ထို(ကေဗလာ)ကိစ္စသည် အလွန်နက်နဲသော စုံစမ်းတော်မူခြင်းဖြစ်၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ယုံကြည်မှုကို အကျိုးမဲ့ အချည်းနှီးဖြစ်စေလိုတော်မမူပေ။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ်တွင် မဟာကရုဏာတော်ပြတော်မူသော အရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင် ဤနည်းနှင်နှင် ငါအသျှင်မြတ်သည် အသင်တို့ကိုလည်း အလယ်အလတ် (တရားမျှတသော အမြင့်မြတ်ဆုံးသော) သာသနာဝင်များအဖြစ် ပြုတော်မူ ခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အသိသက်သေများ ဖြစ်စေအံ့သောငှာလ ည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်) သည် လည်း အသင်တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာ လည်း ကောင်း၊(ပြုတော်မူခြင်းပင်) ဖြစ်လေသည်။ စင်စစ် ငါအရှင် မြတ်သည် အသင်(နဂိုမူလက) မျက်နှာမူခဲ့ဘူးသည့် ကစ်ဗ်လဟ် (ဝါ) ဗိုင်တုလ်မုကဒ္ဒတ်စ် ကို (ကစ်ဗ်လဟ်အဖြစ်ယာယီအား ဖြင့်) ထားရှိတော် မူခဲ့ခြင်း အကြောင်းမှာ (နောင်အနာဂတ်တွင် ကစ်ဗ်လဟ် မျက်နှာမူရာ ကအ်ဗဟ် ဘက်သို့ ပြောင်းလွှဲ သောအခါ) ရစူလ်တမန်တော်၏ အမိန့်ကို လိုက်နာသောသူနှင့် မိမိတို့ခြေဖနောင့် ဘက်သို့ ပြန်လှည့်သွားသူတို့ကို (ခွဲခြား) သိတော် မူရန်သာ ဖြစ်ချေသည်။ စင်စစ်သော်ကား (ကစ်ဗ်လဟ် ပြောင်းလွှဲရန် အမိန့်တော်သည်) အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ညွှန်ကြားပြသ (ပို့ဆောင်) တော်မူခြင်းကို ခံရသူတို့ မှအပ (အခြားသူတို့ အဘို့လိုက်နာရန်) အလွန်ပင် ခဲယဉ်းလှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ယုံကြည်ခြင်း သဒ္ဓါတရား [(ဝါ) မူလ ကစ်ဗ်လဟ်ဘက်သို့ မျက် နှာမူ၍ ဆွလာတ် ဝတ်ပြုခဲ့ကြသည်] ကို အချည်းနှီး အကျိုးမဲ့ ဖြစ်စိမ့် သောငှာ (ဤသို့ပြောင်းလွှဲရန် အမိန့်ထုတ်ပြန်တော်မူသည်) မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် လူခပ်သိမ်းတို့ အပေါ်ဝယ် စင်စစ် နူးညံ့သိမ်မွေ့တော် မူထသောအရှင်၊ မပြတ်မစဲ သနားညှာတာတော် မူထသောအရှင်၊ ဖြစ်တော်မူ ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်သည် အသင်တို့အား လူများအတွက်(စံပြ) အသိသက်သေများဖြစ်စေရန်နှင့် ရစူလ်တမန်တော်(မုဟမ္မဒ်-ဆွ)သည်လည်း အသင်တို့အတွက် (စံပြ) အသိသက်သေများဖြစ်စေရန် အလယ်အလတ်*ကျသည့်အုပ်စုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်မျက်နှာမူခဲ့သည့် ကိဗ်လဟ်ကို (ကိဗ်လဟ်အဖြစ်) ပြုလုပ်တော်မူခဲ့သည့်အကြောင်းမှာ အခြားအတွက်မဟုတ်၊ တမန်တော်၏အမိန့်ကို လိုက်နာသူနှင့် (တမန်တော်၏အမိန့်ကို မလိုက်နာဘဲ) မိမိ၏ခြေဖနောင့်ဘက်(ကျောခိုင်း) ပြန်လှည့်သွားသူကို ငါအရှင်မြတ်(ခွဲခြား)သိတော်မူရန်အတွက်သာဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ဤ(ကိဗ်လဟ်ပြောင်းလဲသည့်)ကိစ္စသည် အရှင်မြတ်က တရားလမ်းမှန်ညွှန်ကြားပြသထားသော သူများမှလွဲ၍ (အခြားသူများအတွက်) အလွန်ကြီးလေးသည့်ကိစ္စဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ယုံကြည်မှုကို အကျိုးမဲ့ဖြစ်စေရန် (ဤကဲ့သို့ ကိဗ်လဟ်ပြောင်းလဲခြင်း အမိန့်ထုတ်ပြန်ခြင်း) မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအပေါ်တွင် အလွန်ကြင်နာတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |