Quran with Burmese translation - Surah Al-Baqarah ayat 145 - البَقَرَة - Page - Juz 2
﴿وَلَئِنۡ أَتَيۡتَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ بِكُلِّ ءَايَةٖ مَّا تَبِعُواْ قِبۡلَتَكَۚ وَمَآ أَنتَ بِتَابِعٖ قِبۡلَتَهُمۡۚ وَمَا بَعۡضُهُم بِتَابِعٖ قِبۡلَةَ بَعۡضٖۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم مِّنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ إِنَّكَ إِذٗا لَّمِنَ ٱلظَّٰلِمِينَ ﴾
[البَقَرَة: 145]
﴿ولئن أتيت الذين أوتوا الكتاب بكل آية ما تبعوا قبلتك وما أنت﴾ [البَقَرَة: 145]
Ba Sein ၁၄၅။ အို - တမန်တော် သင်သည် ရှေးကျမ်းတော်ရရှိသူတို့ထံ နမိတ်လက္ခာအ့ံဖွယ်တော် အမျိုးမျိုးကို ယူဆောင်လာသော်လည်း သူတို့သည် သင်၏(ကေဗလာ)ဘက်သို့ မျက်နှာမူမည် မဟုတ်ပေ။ သင်လည်း သူတို့၏ (ကေဗလာ)ဘက်သို့ မျက်နှာမမူနိုင်ပေ။ သူတို့သည် တစ်ဦး၏ (ကေဗလာ)ဘက် သို့ တစ်ဦးမျက်နှာမမူနိုင်ပေ။ သင်သည် သင့်ထံကျရောက်လာသော အသိတရားကို ရရှိလာပြီးနောက် သူတို့၏အလိုဆန္ဒကိုလိုက်လျှင် အပြစ်ကျူးလွန်သူတို့၏ဘောင်တွင် အပါအဝင် မုချဧကန်ဖြစ်၏။ |
Ghazi Mohammad Hashim ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အလ္လာဟ်အရှင် မြတ်အထံတော်မှ) ဓမ္မဒေသနာ ကျမ်းဂန်များ ရရှိသူ (ယဟူ ဒီနှင့် ခရစ်ယာန်) တို့ရှေ့ဝယ် အကယ်စင်စစ် အသင်သည် သက်သေသာဓက လက္ခဏာ ဟူသမျှကို ယူဆောင်တင်ပြပါသော်လည်း ယင်းသူတို့သည် အသင်၏ မျက်နှာမူရာ ကစ်ဗ်လဟ်ကို လိုက်နာကြလိမ့်မည် မဟုတ်ချေ။ အသင်သည်လည်း ယင်းသူတို့၏မျက်နှာမူရာအရပ်ကို လိုက်နာမည်မဟုတ်။ ယင်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည်လည်း အချင်းချင်း အချို့သည် အချို့၏ မျက်နှာမူရာအရပ်ကို လိုက်နာကြသည် မဟုတ်ပေ။ သို့ ဖြစ်၍ (ငါ အရှင်မြတ်၏အထံတော်မှ ကအ်ဗဟ်ကျောင်းတော် ဘက်သို့ မျက်နှာမူရန် အမိန့်တော်ကျရောက်၍ မှန်ကန်သော) အသိတရားများ အသင့်ထံရောက်ပြီးသည့်နောက် အသင်သည် ယင်းသူတို့၏ အလိုဆန္ဒများကို အကယ်စင်စစ် လိုက်လျောခဲ့ပါမူ အသင်သည် ပြစ်မှုကျူးလွန်သောသူများတွင် ဧကန်မုချ တစ်ဦးအပါအဝင် ဖြစ်ချေတော့အံ့။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် အကယ်၍ အသင်(တမန်တော်)သည် သက်သေလက္ခဏာဟူသမျှကို ကျမ်းရထားသူများရှေ့၌ ယူဆောင်လာလျှင်လည်း သူတို့သည် အသင်၏မျက်နှာမူရာ ကိဗ်လဟ်ကို လိုက်နာကြမည် မဟုတ်ပေ။ အသင်သည်လည်း သူတို့၏မျက်နှာမူရာ ကိဗ်လဟ်ကို လိုက်နာမည့်သူ မဟုတ်ပေ။ သူတို့အချင်းချင်းသည်လည်း အချို့သည် အချို့၏မျက်နှာမူရာ ကိဗ်လဟ်ကို လိုက်နာကြသောသူများ မဟုတ်ကြပေ။ သို့ဖြစ်ရာ (အရှင်မြတ်ထံမှ မှန်ကန်သည့်)အသိပညာများသည် အသင်(တမန်တော်)ထံသို့ ရောက်ပြီးနောက်မှ အသင်သည် သူတို့၏အလိုဆန္ဒများကို လိုက်လျောခဲ့လျှင် အမှန်စင်စစ် အသင်သည် အပြစ်ကျူးလွန်သူများထဲတွင် အပါအဝင်ဖြစ်သွားလိမ့်မည်။ |