Quran with Burmese translation - Surah Al-Baqarah ayat 149 - البَقَرَة - Page - Juz 2
﴿وَمِنۡ حَيۡثُ خَرَجۡتَ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ وَإِنَّهُۥ لَلۡحَقُّ مِن رَّبِّكَۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ﴾
[البَقَرَة: 149]
﴿ومن حيث خرجت فول وجهك شطر المسجد الحرام وإنه للحق من ربك﴾ [البَقَرَة: 149]
Ba Sein ၁၄၉။ အို - တမန်တော် မုဟမ္မဒ်၊ သင်သည် မည်သည့်နေရာ၌ ဆွလာသ်ဝတ်ပြုရန်ထွက်လာသောအခါ ဘေးမဲ့ဖြစ်သော ကအဘာဗလီကျောင်းတော်ဘက်သို့ မျက်နှာမူလော့။ ကြည့်လော့။ ၎င်းသည် သင်၏ အရှင်သခင်အထံတော်မှ တရားမှန်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသည်ကို သိတော်မမူမဟုတ်ပေ။ |
Ghazi Mohammad Hashim ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (ဝါ) မည်သည့် နေရာ၌မဆိုရှိနေအံ့၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အသင်(တမန်တော်)သည် မည်သည့်နေရာသို့ထွက်သည်ဖြစ်စေ (မည်သည့်နေရာ၌ပင်ရှိသည်ဖြစ်စေ) အသင်၏မျက်နှာကို (စွလာသ်ဝတ်ပြုသည့်အခါ) မတ်စ်ဂျိဒိဟရာမ်ကျောင်းတော်ဘက်သို့လှည့်ပါ။ အမှန်စင်စစ် ထိုအမိန့်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံမှ (လာသည့်အမိန့်) အမှန်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြသည့် အရာများမှ မေ့လျော့တော်မူသောအရှင် မဟုတ်ပေ။ |