×

ထိုသို့သော ပုဂ္ဂိုလ်များအပေါ် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ခွင့်လွှတ်မှု၊ မေတ္တာကရုဏာတော်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုစသော) ကောင်းချီးမင်္ဂလာများနှင့် အရှင့်ကရုဏာသက်စေတော်မူပြီး (လောကီနှင့်တမလွန်၌ 2:157 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:157) ayat 157 in Burmese

2:157 Surah Al-Baqarah ayat 157 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 157 - البَقَرَة - Page - Juz 2

﴿أُوْلَٰٓئِكَ عَلَيۡهِمۡ صَلَوَٰتٞ مِّن رَّبِّهِمۡ وَرَحۡمَةٞۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُهۡتَدُونَ ﴾
[البَقَرَة: 157]

ထိုသို့သော ပုဂ္ဂိုလ်များအပေါ် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ခွင့်လွှတ်မှု၊ မေတ္တာကရုဏာတော်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုစသော) ကောင်းချီးမင်္ဂလာများနှင့် အရှင့်ကရုဏာသက်စေတော်မူပြီး (လောကီနှင့်တမလွန်၌ စိတ်မကူးနိုင်သည့် ကူညီစောင်မမှုများ ရစေမည့်) ထိုသူတို့သည်ပင် လမ်းညွှန်မှန် ညွှန်ပြခြင်းခံရသူများ ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: أولئك عليهم صلوات من ربهم ورحمة وأولئك هم المهتدون, باللغة البورمية

﴿أولئك عليهم صلوات من ربهم ورحمة وأولئك هم المهتدون﴾ [البَقَرَة: 157]

Ba Sein
၁၅၇။ ထိုသူတို့သည် မိမိတို့အပေါ် မိမိတို့၏ အရှင်သခင်အထံတော်မှ ကောင်းချီးမင်္ဂလာတော်နှင့် ဂုဏ်ကျေးဇူးတော်များကျရောက်သူများဖြစ်ကြ၏။ သူတို့သည် လမ်းမှန်ကို ညွှန်ပြခြင်းခံရသူများ ဖြစ်ကြ၏။
Ghazi Mohammad Hashim
ထို(ဘေးအန္တရာယ်များကို ခန္တီတရားဖြင့် သည်းခံသော) ဤသူတို့အပေါ်၌သာလျှင် ယင်းသူတို့အား မွေးမြူတော်မူထသောအလ္လာဟ် အရှင်မြတ် အထံတော်မှ ကောင်းခြီးမင်္ဂလာများနှင့် မေတ္တာကရုဏာတော် သက်ရောက်ပေမည်။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့် မတ်မှန်ကန် သော တရားလမ်းစဉ်ကို ရရှိသူများ ဖြစ်ကြကုန် သတည်း။
Hashim Tin Myint
ထိုသူများအ‌ပေါ်၌ပင် သူတို့ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ‌ကောင်းချီးမဂင်္လာများနှင့် သနားကရုဏာရှိသည်။ ထို့ပြင် သူတို့ပင် တရားလမ်းမှန်ကို ရရှိသူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek