×

ထို့နောက်၊ ယင်းနောက်လိုက်တပည့်များက “အကယ်၍သာ ကျွန်ုပ်တို့သည် (လောကီကမ္ဘာသို့) နောက်တစ်ကြိမ် ပြန်ခွင့်ရခဲ့ကြလျှင် ကျွန်ုပ်တို့အား စွန့်ပစ်သွားကြသကဲ့သို့ ကျွန်ုပ်တို့လည်း သူတို့ကို စွန့်ပစ်ကြမည်။”ဟု 2:167 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:167) ayat 167 in Burmese

2:167 Surah Al-Baqarah ayat 167 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 167 - البَقَرَة - Page - Juz 2

﴿وَقَالَ ٱلَّذِينَ ٱتَّبَعُواْ لَوۡ أَنَّ لَنَا كَرَّةٗ فَنَتَبَرَّأَ مِنۡهُمۡ كَمَا تَبَرَّءُواْ مِنَّاۗ كَذَٰلِكَ يُرِيهِمُ ٱللَّهُ أَعۡمَٰلَهُمۡ حَسَرَٰتٍ عَلَيۡهِمۡۖ وَمَا هُم بِخَٰرِجِينَ مِنَ ٱلنَّارِ ﴾
[البَقَرَة: 167]

ထို့နောက်၊ ယင်းနောက်လိုက်တပည့်များက “အကယ်၍သာ ကျွန်ုပ်တို့သည် (လောကီကမ္ဘာသို့) နောက်တစ်ကြိမ် ပြန်ခွင့်ရခဲ့ကြလျှင် ကျွန်ုပ်တို့အား စွန့်ပစ်သွားကြသကဲ့သို့ ကျွန်ုပ်တို့လည်း သူတို့ကို စွန့်ပစ်ကြမည်။”ဟု ပြောဆိုကြမည်။ ဤသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နောင်တရ ကြေကွဲဖွယ်ရာ ပြုမူကျင့်ကြံလုပ် ဆောင်သမျှကို သူတို့အားပြသ (၍ မြင်တွေ့စေ) တော်မူမည်။ သူတို့သည် ငရဲမီးတွင်းမှ မည်သည့်အခါမှ ထွက်ကြရမည့်သူများ မဟုတ်ကြပေ။

❮ Previous Next ❯

ترجمة: وقال الذين اتبعوا لو أن لنا كرة فنتبرأ منهم كما تبرءوا منا, باللغة البورمية

﴿وقال الذين اتبعوا لو أن لنا كرة فنتبرأ منهم كما تبرءوا منا﴾ [البَقَرَة: 167]

Ba Sein
၁၆၇။ ထိုနေ့၌ နောက်လိုက်များက အကယ်၍ အကျွန်ု်ပ်တို့တဖန် ပြန်သွားနိုင်ပါလျှင် ထိုေ့ရှဆောင်များသည် အကျွန်ုပ်တို့အားစွန့်ပစ်သကဲ့သို့ သူတို့ကို စွန့်ပစ်မည်သာတည်းဟု ပြောဆိုကြ၏။ ယင်းသို့ အလ္လာဟ် အရှင်မြတ်သည် သူတို့အားသူတို့ပြုကျင့်မှုသည် သူတို့၏ ဒုက္ခဖြစ်သည်ကို ပြတော်မူလတ္တံ့။ သူတို့သည် ငရဲမီးထဲမှ ထွက်ရမည်မဟုတ်ပေ။
Ghazi Mohammad Hashim
၎င်းပြင် (မသမာသော ဦးစီးနာယကများ၏ လှည့်ပတ်ဖြားယောင်းရာနောက်သို့ လိုက်ပါမိခဲ့သော) နောက် လိုက်တပည့်များက အကယ်၍သာ ငါတို့သည် (လူ့လောကသို့) တကြိမ်မျှပင်ပြန်ကြရပါလျှင် အလွန် ကောင်းပေအံ့၊ သို့ပြန်ရပါလျှင် ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါတို့ကို (ယခုစိမ်းကား စွာ) စွန့်ပစ်သွားကြ သကဲ့သို့ ငါတို့သည်လည်း ယင်းသူတို့အား (စိမ်းကားစွာ) စွန့်ပစ်ကြမည်ဟု ပြောဆိုကြမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေ့ဆောင်ရှေ့ရပ်များနှင့် တပည့်နောက်လိုက်အားလုံးတို့အား အပြစ်ငရဲကို မျက်ဝါးထင်ထင် ပြတော်မူသကဲ့သို့ပင် ယင်းသူတို့၏ အပြုအမူများကို ဝမ်းနည်း ကြေကွဲဘွယ်ရာများအဖြစ် ပြတော်မူမည်။ စင်စစ်အားဖြင့် ယင်းသူတို့သည် ငရဲမီးတွင်းမှ ထွက်ကြရမည့်သူများလည်း မဟုတ်ကြချေ။
Hashim Tin Myint
ထို့ပြင် ‌နောက်လိုက်တပည့်များက ‌ပြောဆိုကြမည်၊ အကယ်၍ ငါတို့သည် (‌လောကသို့) တစ်ကြိမ် ပြန်လှည့်ခွင့်ရလျှင် ‌ကောင်း‌လေစွ။ သို့ဖြစ်လျှင် ထို‌ခေါင်း‌ဆောင်များသည် ငါတို့အား စွန့်ပစ်သွားကြသကဲ့သို့ ငါတို့သည်လည်း သူတို့အား စွန့်ပစ်လိုက်ကြမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသို့ပင် သူတို့၏အပြုအမူများကို သူတို့အ‌ပေါ်တွင် ‌ကြေကွဲဖွယ်ရာအဖြစ် ပြသ‌တော်မူမည်။ ၎င်း‌နောက် သူတို့သည် ငရဲမီးထဲမှ ထွက်ကြရမည့်သူများမဟုတ်ကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek