×

အို၊ ယုံကြည်သူအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ်ပေးထားတော်မူသော စားနပ်ရိက္ခာများမှ (ကျန်း မာရေးနှင့်ညီညွတ်ပြီး ကောင်းကျိုးပေးရုံသာမက တရားတော်နှင့်လည်းကိုက်ညီသော) သန့်ရှင်းစင်ကြယ်ရာ (အစားအသောက်များ) ကို 2:172 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:172) ayat 172 in Burmese

2:172 Surah Al-Baqarah ayat 172 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 172 - البَقَرَة - Page - Juz 2

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَٱشۡكُرُواْ لِلَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ﴾
[البَقَرَة: 172]

အို၊ ယုံကြည်သူအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ်ပေးထားတော်မူသော စားနပ်ရိက္ခာများမှ (ကျန်း မာရေးနှင့်ညီညွတ်ပြီး ကောင်းကျိုးပေးရုံသာမက တရားတော်နှင့်လည်းကိုက်ညီသော) သန့်ရှင်းစင်ကြယ်ရာ (အစားအသောက်များ) ကို စားသုံးကြလော့။ ထို့ပြင် အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ခဝပ်နာခံကိုးကွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးသိတတ်ကြလော့။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا كلوا من طيبات ما رزقناكم واشكروا لله إن كنتم, باللغة البورمية

﴿ياأيها الذين آمنوا كلوا من طيبات ما رزقناكم واشكروا لله إن كنتم﴾ [البَقَرَة: 172]

Ba Sein
၁၇၂။ အို - ယုံကြည်သူတို့၊ ငါအရှင်ပေးသနားတော်မူသည့် မွန်မြတ်သောအစားအစာကို မှီဝဲသုံးစွဲကြ လော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မုချဧကန်ကိုးကွယ်ကြလျှင် အရှင်မြတ်၏ ဂုဏ် ကျေးဇူးတော်ကို ချီးကျူးကြလော့။
Ghazi Mohammad Hashim
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြ ကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ်‌ပေးသနား‌တော်မူထားသည့် သန့်ပြန့်‌သောအရာများထဲမှ စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ခဲ့ကြသည်ဆိုလျှင် ထိုအရှင်မြတ်အား ‌ကျေးဇူးတင်ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek