Quran with Burmese translation - Surah Al-Baqarah ayat 173 - البَقَرَة - Page - Juz 2
﴿إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ بِهِۦ لِغَيۡرِ ٱللَّهِۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَلَآ إِثۡمَ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ﴾
[البَقَرَة: 173]
﴿إنما حرم عليكم الميتة والدم ولحم الخنـزير وما أهل به لغير الله﴾ [البَقَرَة: 173]
Ba Sein ၁၇၃။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိအလိုအလျောက်သေသော တိရစ္ဆာန်၏ အသား၊ သွေး၊ ဝက်သားနှင့် အရှင်မြတ်၏နာမတော်မှတပါး အခြားနာမည်ကိုတသ၍ သတ်မှတ်သောတိရစ္ဆာန်၏ အသားတို့ကို မစားရဟု တားမြစ်တော်မူ၏။ သို့သော် မမက်မောဘဲ မတရားကျူးလွန်လို့ပဲ အကျဉ်း အကြပ်နှင့်တွေ့ကြုံ၍ မိမိအသက်မသေစိမ့်သောငှာ၊ ထိုအစာများကို စားရလျှင် ထိုစားသူ၌ အပြစ် မထိုက်ပေ။ ကြည့်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသော ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ဝက်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ သ ပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချ တားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာနိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူးသူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်တွင် အသေကောင်၊*(ယိုစီးပြီးသည့်)သွေး၊*ဝက်သား*နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများအတွက် ရည်စူး(သတ်ဖြတ်ထား)သည့် သားကောင်များ*ကိုသာ အမှန်စင်စစ် တားမြစ်ထားတော်မူသည်။ သို့ရာတွင် (အစားအစာမရရှိ၍ အသက်စိုးရိမ်ရသည်အထိ) အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသူသည် (အရသာခံချင်သည့်)မက်မောခုံမင်သူလည်းမဟုတ်ဘဲ၊ (လိုသည်ထက် ပိုစားသည့်)အစားကျူးသည်လည်းမဟုတ်ဘဲ (မသေရုံစားခဲ့လျှင်)* ထိုသူ၏အပေါ်တွင် မည်သည့်အပြစ်မျှ မရှိပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |