×

အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်မှ မည်သည့် (အမှန်တရား နှင့်အမိန့် တော်ဆိုင်ရာ အချက်အလက်၊ အကြာင်း) အရာကိုဖြစ်စေ ထိမ်ချန်ဖုံးကွယ်၍ ယင်းအား 2:174 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:174) ayat 174 in Burmese

2:174 Surah Al-Baqarah ayat 174 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 174 - البَقَرَة - Page - Juz 2

﴿إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلَ ٱللَّهُ مِنَ ٱلۡكِتَٰبِ وَيَشۡتَرُونَ بِهِۦ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ مَا يَأۡكُلُونَ فِي بُطُونِهِمۡ إِلَّا ٱلنَّارَ وَلَا يُكَلِّمُهُمُ ٱللَّهُ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ﴾
[البَقَرَة: 174]

အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်မှ မည်သည့် (အမှန်တရား နှင့်အမိန့် တော်ဆိုင်ရာ အချက်အလက်၊ အကြာင်း) အရာကိုဖြစ်စေ ထိမ်ချန်ဖုံးကွယ်၍ ယင်းအား (သူတို့၏အကျိုးစီးပွား အတွက်) တန်ဖိုး မဖြစ်စလောက်ဖြင့် လဲလှယ်ရောင်းဝယ်ကြလျှင် ထိုသူတို့သည် သူတို့၏ဝမ်းဗိုက်ထဲသို့ ငရဲမီးမှအပ အခြားမည်သည့်အရာကိုမျှ စားမျိုကြသည် မဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့ (သူတို့က လွှတ်ငြိမ်းချမ်းသာခွင့်အတွက် ဆန္ဒပြင်းပြချိန်) တွင် သူတို့နှင့်စကားပြောတော်မမူသည့်အပြင် သူတို့ကို သန့် ရှင်းစင်ကြယ်စေတော်မူမည်လည်း မဟုတ်ပေ၊ သူတို့အတွက် ပြင်းထန်သောနာကျင်ဖွယ်ရာ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ်လည်း ရှိ၏။

❮ Previous Next ❯

ترجمة: إن الذين يكتمون ما أنـزل الله من الكتاب ويشترون به ثمنا قليلا, باللغة البورمية

﴿إن الذين يكتمون ما أنـزل الله من الكتاب ويشترون به ثمنا قليلا﴾ [البَقَرَة: 174]

Ba Sein
၁၇၄။ ကြည့်ကြလော့။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောကျမ်းတော်မြတ်မှ ပညတ်တော်တစ်စုံတစ်ရာကို ထိန်ချန်ထားကြ၏။ ထိုပညတ်တော်များကို အနည်းငယ်မျှသော ဥစ္စာ ပစ္စည်းနှင့် လဲလှယ်ရောင်းစားကြ၏။ ထိုသူတို့သည် မိမိတို့ဝမ်းတွင်းသို့ မီးတောက်မီးလျှံမှတပါး အခြားအရာတစ်စုံတရာကိုမှ စားသုံးမြိုချသည်မဟုတ်ပေ။ ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှုတ်ဆက်တော်မူမည်မဟုတ်ပေ။ သန့်ရှင်းအောင်ပြုတော်မူ မည်လည်းမဟုတ်ပေ။ သူတို့အဖို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော အပြစ်ဒဏ်ကြီးရှိလတ္တံ့။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ သောကျမ်းဂန်လာ တရားဒေသနာအနည်းငယ်မျှသော အဖိုး အခဖြင့် လဲလှယ်ရောင်းချစားသုံးသောသူများသည် မိမိတို့၏ ဝမ်းတွင်း သို့ အခြား (တစ်စုံတစ်ရာ) စားသုံးကြသည်မမည်။ စင်စစ် အားဖြင့် မီးကိုသာ စားသုံးရာမည်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ထိုသူများအား (ချိုအေးသောစကားကို) ပြောကြားတော်မူမည် လည်းမဟုတ်၊ ထိုသူတို့အား (အပြစ်ဒုစရိုက်မှုများမှ) သန့်ရှင်းစေတော်မူမည် လည်းမဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့ခံစားရန် ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်လည်း အသင့်ရှိပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် ချ‌ပေး‌တော်မူသည့်ကျမ်းဂန်ကို ထိမ်ချန်ပြီး ထိုကျမ်းဂန်ကို အဖိုးအခအနည်းငယ်နှင့် လဲလှယ်‌ရောင်းချသူများသည် သူတို့၏ဗိုက်များထဲတွင် မီးကလွဲ၍ အခြားမည်သည့်အရာကိုမျှ စား‌သောက်ဖြည့်တင်း‌နေကြခြင်းမဟုတ်‌ပေ။ ထို့ပြင် ကိယာမသ်ရှင်ပြန်ထရမည့်‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား(အ‌ရေးလုပ်၍)စကား‌ပြောမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့အား စင်ကြယ်‌အောင်လုပ်‌ပေးမည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ပြင်းပြနာကျင်‌စေသည့် အပြစ်ဒဏ်လည်းရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek