×

(လူ့ဘဝသာယာဖွံ့ဖြိုးရေးအတွက် ချမှတ်ပေးအပ်တော်မူသော အရှင့်စည်းမျဉ်းတော်များကို ဆန့်ကျင်၍ သင်တို့အား လာရောက်တိုက်ခိုက်ပါက) သူတို့အား ထိပ်တိုက်တွေ့ဆုံသည့်နေရာတိုင်း၌ သတ်ကြလော့။ သင်တို့အား နှင်ထုတ်ခဲ့သောနေရာတိုင်းမှ သူတို့ကို 2:191 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:191) ayat 191 in Burmese

2:191 Surah Al-Baqarah ayat 191 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 191 - البَقَرَة - Page - Juz 2

﴿وَٱقۡتُلُوهُمۡ حَيۡثُ ثَقِفۡتُمُوهُمۡ وَأَخۡرِجُوهُم مِّنۡ حَيۡثُ أَخۡرَجُوكُمۡۚ وَٱلۡفِتۡنَةُ أَشَدُّ مِنَ ٱلۡقَتۡلِۚ وَلَا تُقَٰتِلُوهُمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِ حَتَّىٰ يُقَٰتِلُوكُمۡ فِيهِۖ فَإِن قَٰتَلُوكُمۡ فَٱقۡتُلُوهُمۡۗ كَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ ﴾
[البَقَرَة: 191]

(လူ့ဘဝသာယာဖွံ့ဖြိုးရေးအတွက် ချမှတ်ပေးအပ်တော်မူသော အရှင့်စည်းမျဉ်းတော်များကို ဆန့်ကျင်၍ သင်တို့အား လာရောက်တိုက်ခိုက်ပါက) သူတို့အား ထိပ်တိုက်တွေ့ဆုံသည့်နေရာတိုင်း၌ သတ်ကြလော့။ သင်တို့အား နှင်ထုတ်ခဲ့သောနေရာတိုင်းမှ သူတို့ကို နှင်ထုတ်ကြလော့။ အကြောင်းမှာ ဖိနှိပ်ချုပ်ချယ်နှိပ်စက်ညှင်းပန်း ခြင်းသည် သတ်ဖြတ်ခြင်းထက် ပိုမို၍ ပြင်းထန်ဆိုးဝါးလှပေ၏။ အထွတ်အမြတ်ဆုံး ဝတ်ကျောင်းတော်တစ်ဝိုက်တွင် သင်တို့ကို မတိုက်ခိုက်သရွေ့ သူတို့ကိုလည်း မတိုက်ခိုက်ကြလေနှင့်။ အကယ်၍ သူတို့သည် လာရောက် တိုက်ခိုက်ကြလျှင် သူတို့ကိုလည်း တန်ပြန်တိုက်ခိုက်ကြလော့။ ဤသည်မှာ မယုံကြည်သူတို့ (နှင့်ဖီဆန်ကျူးလွန်သူတို့၏ယုတ်ညံ့သော လုပ်ရပ်များအတွက် အစားပေးထိုက်သည့် မကောင်းမှု) ၏အကျိုးဆက်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: واقتلوهم حيث ثقفتموهم وأخرجوهم من حيث أخرجوكم والفتنة أشد من القتل ولا, باللغة البورمية

﴿واقتلوهم حيث ثقفتموهم وأخرجوهم من حيث أخرجوكم والفتنة أشد من القتل ولا﴾ [البَقَرَة: 191]

Ba Sein
၁၉၁။ ထိုရန်သူတို့ကို တွေ့သောနေရာတိုင်း၌ တိုက်ခိုက်ရှင်းလင်းကြလော့။ သင်တို့အား မောင်းနှင်ပစ်သော နေရာဋ္ဌာနမှ သူတို့ကို နှင်ထုတ်ပစ်ကြလော့။ အကြောင်းမူကား နှိပ်စက်ညှင်းပန်းမှုသည် သတ်ဖြတ်မှု ထက် သာလွန်ဆိုးဝါးချေ၏။ သူတို့သည် သင်တို့အား သင်တို့သည် သူတို့အား မတိုက်ခိုက်ကြလင့်။ သို့သော် သူတို့သည် သင်တို့အား စတင်မတိုက်ခိုက်လျှင် သင်တို့သည် သူတို့အား ဘေးမဲ့ဖြစ်သော ကျောင်းတော်ကြီး၌ မတိုက်ခိုက်ကြလင့်။ သို့သော် သူတို့သည် သင်တို့အား ထိုအောင်မြေတော်၌ တိုက်ခိုက်လျှင် သင်တို့ဥည် သူတို့အား သက်ဆုံးအောင် စီရင်ကြလော့။ သုတ်သင်ရှင်းလင်းခြင်း သည် မိစ္ဆာအမိုက်တို့၏ ဆုလာဘ်ဖြစ်၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တဝ ထိုကာဖိရ်တို့က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေမြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည်၎င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင် ဖြစ်သည်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် (အသင်တို့ကို တိုက်ခိုက်သတ်ဖြတ်ကြသည့်)သူ (ကာဖိရ်)များအား ဖမ်းမိသည့်‌နေရာတွင် သုတ်သင်လိုက်ကြပါ။ ၎င်းပြင် ထိုသူ(ကာဖိရ်)များသည် အသင်တို့အား နှင်ထုတ်ခဲ့ကြသကဲ့သို့ အသင်တို့သည်လည်း သူတို့အား နှင်ထုတ်ကြပါ။ ထို့ပြင် ညှဉ်းပန်းနှိပ်စက်‌နှောင့်ယှက်ခြင်း*သည် သတ်ဖြတ်ခြင်းထက်ပင် ပိုမိုဆိုးဝါးသည်။ ထို့‌နောက် မြင့်မြတ်သည့် ဗလီဝတ်‌ကျောင်း‌တော်ထဲတွင် သူတို့သည် အသင်တို့အား မတိုက်ခိုက်သမျှ အသင်တို့သည်လည်း သူတို့အား ထိုထဲတွင် မတိုက်ခိုက်ကြနှင့်။ ထို့‌နောက် အကယ်၍ သူတို့သည် အသင်တို့အား တိုက်ခိုက်လျှင်မူ အသင်တို့သည်လည်း သူတို့အား တိုက်ခိုက်ကြပါ။ ထို ကာဖိရ်များအား တုံ့ပြန်အစား‌ပေးခြင်းသည် ဤသို့ပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek