×

ထို့ပြင် သူတို့အနက်မှ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား (ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးတွင် အထောက်အကူပြုမည့်) ကောင်းမြတ်သည့် အရာများနှင့်တမလွန်ဘဝ၌ (အရှင့်တရားစီရင်မည့်နေ့တွင် 2:201 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:201) ayat 201 in Burmese

2:201 Surah Al-Baqarah ayat 201 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 201 - البَقَرَة - Page - Juz 2

﴿وَمِنۡهُم مَّن يَقُولُ رَبَّنَآ ءَاتِنَا فِي ٱلدُّنۡيَا حَسَنَةٗ وَفِي ٱلۡأٓخِرَةِ حَسَنَةٗ وَقِنَا عَذَابَ ٱلنَّارِ ﴾
[البَقَرَة: 201]

ထို့ပြင် သူတို့အနက်မှ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား (ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးတွင် အထောက်အကူပြုမည့်) ကောင်းမြတ်သည့် အရာများနှင့်တမလွန်ဘဝ၌ (အရှင့်တရားစီရင်မည့်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ရလျှက် သုခဥယျာဉ်ထဲတွင် ပျော်ရွှင်စွာ ဝင်ရောက်နိုင်ရန်အတွက်) လည်း ကောင်းမွန်မှုများကို ပေးသနားတော်မူပြီး ငရဲမီး၏ပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။” ဟု ဆုတောင်းသူများလည်း ရှိကြသည်။

❮ Previous Next ❯

ترجمة: ومنهم من يقول ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا, باللغة البورمية

﴿ومنهم من يقول ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا﴾ [البَقَرَة: 201]

Ba Sein
၂ဝ၁။ ထို့ပြင် လူသားတို့အနက် အို - ကျွန်ုပ်တို့၏အရှင်၊ အကျွန်ုပ်တို့အား ဤဘဝ နောင်ဘဝတွင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါ။ ငရဲမီးဒဏ်မှလည်း ကာကွယ်တော်မူပါဟု ပန်ကြားသူလည်း ရှိ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ ယင်းတို့အနက်မှပင် အချို့သော ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်နှင့် တမလွန်ဘဝ နှစ်ဌာနလုံး ၏သုခ ချမ်းသာများကို ရှေးရှုကာ) အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ (နှစ်ဘဝ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။
Hashim Tin Myint
၎င်းပြင် ထိုထဲတွင် အချို့က(ဤသို့)‌ပြောဆိုကြသည်၊ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤဘဝတွင်သာမက တမလွန်ဘဝ၌လည်း ‌ကောင်းကျိုးချမ်းသာ ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် ငရဲမီး၏ပြစ်ဒဏ်မှလည်း ကယ်ဆယ်‌တော်မူပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek