Quran with Burmese translation - Surah Al-Baqarah ayat 200 - البَقَرَة - Page - Juz 2
﴿فَإِذَا قَضَيۡتُم مَّنَٰسِكَكُمۡ فَٱذۡكُرُواْ ٱللَّهَ كَذِكۡرِكُمۡ ءَابَآءَكُمۡ أَوۡ أَشَدَّ ذِكۡرٗاۗ فَمِنَ ٱلنَّاسِ مَن يَقُولُ رَبَّنَآ ءَاتِنَا فِي ٱلدُّنۡيَا وَمَا لَهُۥ فِي ٱلۡأٓخِرَةِ مِنۡ خَلَٰقٖ ﴾
[البَقَرَة: 200]
﴿فإذا قضيتم مناسككم فاذكروا الله كذكركم آباءكم أو أشد ذكرا فمن الناس﴾ [البَقَرَة: 200]
Ba Sein ၂ဝဝ။ ထို့နောက် သင်တို့ပြုအပ်သောဝတ်များကိုပြုပြီးနောက် မိမိတို့မိဘအဘိုးအဘွားကို သတိရသကဲ့သို့ သို့မဟုတ် ၎င်းထက်စိတ်အားထက်သန်စွာနှင့် အလ္လာဟ်အရှင်မြတ်အား သတိရကြလော့။ လူသားတို့ အနက် အို - အကျွန်ုပ်တို့၏အရှင်သခင် အကျွန်ုပ်တို့အား ဤလောကီဘဝ၌ ကောင်းချီးမင်္ဂလာ ပေးတော်မူပါဟု ဆုတောင်းသူလည်းရှိ၏။ ထိုသူအဖို့ နောင်တမလွန်ဘဝတွင် ဝေစုဝေပုံ တစ်စုံ တစ်ရာမှ မရှိပေ။ |
Ghazi Mohammad Hashim ထို့နောက် အသင်တို့သည် (ဟဂျ်နှင့် သက်ဆိုင် သော) မိမိတို့၏ ကျင့်စဉ်ကျင့်ရပ်များကို ဆောင်ရွက်ပြီးကြ သောအခါ၌ (အတိတ်ခေတ်များတွင်) မိမိတို့၏ဘိုးဘေးများကို တ သ ခြင်း ပြုကြသကဲ့သို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား တ သ ကြကုန်။ ဤမျှမက (မိမိတို့၏ဘိုးဘေးများကို တ သ ခြင်းပြုကြသည်ထက်ပင်) ပိုမို၍ (အလ္လာဟ်အရှင်မြတ် အား) အောက်မေ့ တ သကြကုန်။ သို့သော် လူသားတို့အနက် အချို့သည် (အလ္လာဟ်အရှင်မြတ် ထံတော်၌) အို-ကျွန်တော် မျိုးတို့အား မွေးမြူတော်မူ သောရှင်၊ ကျွန်တော်မျိုးတို့အား (ပေးလိုတော်မူသောကောင်းကျိုးများကို) ဤဘဝ၌ပင် (လော လောဆယ်) ပေးသနားတော်မူပါဟူ၍ ဆုပန်ကြကုန်၏။ သို့ဖြစ် ရာ ထိုကဲ့သို့ ဆုပန်သောသူများအဖို့ နောင်တမလွန် ဘဝတွင် (အကျိုးခံစားရန်)တစ်စုံတစ်ရာ ဝေစုဝေပုံရှိမည်မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့၏ ဟဂျ်ကျင့်စဉ်ကျင့်ရပ်များ ဆောင်ရွက်ပြီးသည့်အခါ အသင်တို့၏ဘိုး၊ဘေးများအား သတိရ တသကြသကဲ့သို့ အလ္လာဟ်အရှင်မြတ်အား သတိရ တသကြပါ။ ထို့ထက်ပိုပြီး အရှင်မြတ်အား သတိရ တသကြပါ။ ၎င်းပြင် လူများတွင် အချို့ကပြောဆိုကြသည်၊ အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား လောက၌သာ (ကောင်းကျိုးချမ်းသာများကို)ပေးသနားတော်မူပါ။ ၎င်းနောက် (ထိုကဲ့သို့ပြောဆို)သူအတွက် တမလွန်ဘဝတွင် မည်သည့်ဝေစုမျှ မရှိတော့ပေ။ |