×

သို့ဖြစ်ရာ အမျိုးသမီးများအား (ပထမနှင့်ဒုတိယအကြိမ်မြောက်) ကွာရှင်းမှုဖြစ်စဉ်အတွင်း စောင့်ဆိုင်း ကာလပြည့်သောအခါ (သူမတို့၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ) တရားတော်နှင့်အညီ မျှတသည့်ပုံစံဖြင့် ထိမ်းမြားမှုအား ဆက်လက်ထိန်းထားကြလော့။ 2:231 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:231) ayat 231 in Burmese

2:231 Surah Al-Baqarah ayat 231 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 231 - البَقَرَة - Page - Juz 2

﴿وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ سَرِّحُوهُنَّ بِمَعۡرُوفٖۚ وَلَا تُمۡسِكُوهُنَّ ضِرَارٗا لِّتَعۡتَدُواْۚ وَمَن يَفۡعَلۡ ذَٰلِكَ فَقَدۡ ظَلَمَ نَفۡسَهُۥۚ وَلَا تَتَّخِذُوٓاْ ءَايَٰتِ ٱللَّهِ هُزُوٗاۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ وَمَآ أَنزَلَ عَلَيۡكُم مِّنَ ٱلۡكِتَٰبِ وَٱلۡحِكۡمَةِ يَعِظُكُم بِهِۦۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٞ ﴾
[البَقَرَة: 231]

သို့ဖြစ်ရာ အမျိုးသမီးများအား (ပထမနှင့်ဒုတိယအကြိမ်မြောက်) ကွာရှင်းမှုဖြစ်စဉ်အတွင်း စောင့်ဆိုင်း ကာလပြည့်သောအခါ (သူမတို့၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ) တရားတော်နှင့်အညီ မျှတသည့်ပုံစံဖြင့် ထိမ်းမြားမှုအား ဆက်လက်ထိန်းထားကြလော့။ သို့မဟုတ် (သူမတို့၏တောင်းဆိုချက်များကို အတတ်နိုင်ဆုံး လိုက်လျော၍ အေးချမ်းစွာနှင့်) ကောင်းမွန်စွာဖြင့် (ထိမ်းမြားမှုမှ) လွတ်မြောက်စေကြလော့။ သို့သော် စည်း မျဉ်းချိုး ဖောက်၍ သူမတို့အား စော်ကားနစ်နာစေလိုသည့် စေတနာယုတ်ဖြင့် ထိမ်းမြားမှုကို ဆက်လက် မထိန်းထား ကြလေနှင့်။ မည်သူမဆို ထိုသို့လုပ်ဆောင်ပါက ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့စိတ်အလိုကျအသုံးချ၍ သူ့ကိုယ်သူ သစ္စာဖောက်လျှက် မတော်မတရား မမှန်မကန်လုပ်ခဲ့ပြီ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို လှောင်ပြောင်၍ မထီလေးစား မပြုကြလေနှင့်။ သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ (ဂုဏ်ပေးချီးမြှောက်တော်မူသည့် အခွင့်အရေး၊ အသက်ရှင် ရပ်တည်ရေးဆိုင်ရာ နည်းစနစ်နှင့်) ကျေးဇူးတော်များ၊ ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်တော်အားဖြင့် သင်တို့အား သွန်သင်လမ်းညွှန်တော်မူရန် ထုတ်ပြန်ချမှတ်ပေးအပ်သည်များကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟပြောကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူကြောင်း နှလုံးသွင်းမှတ်ထားကြလော့။

❮ Previous Next ❯

ترجمة: وإذا طلقتم النساء فبلغن أجلهن فأمسكوهن بمعروف أو سرحوهن بمعروف ولا تمسكوهن, باللغة البورمية

﴿وإذا طلقتم النساء فبلغن أجلهن فأمسكوهن بمعروف أو سرحوهن بمعروف ولا تمسكوهن﴾ [البَقَرَة: 231]

Ba Sein
၂၃၁။ သင်တို့သည် ဇနီးမိန်းမများကို ကွာရှင်း၍ သူတို့ဆိုင်းင့ံအပ်သောအချိန်ကုန်သောအခါ သူတို့ကို တရားသဖြင့် လက်မလွှတ်ဘဲထားခြင်းကိုသော်လည်းကောင်း တရားသဖြင့်လက်လွှတ်လိုက်ခြင်းကို သော်လည်းကောင်း ကောင်းမြတ်သောစေတနာနှင့် ပြုလုပ်ကြလော့။ သင်တို့သည် ပညတ်တော်ကို ကျူးလွန်၍ သူတို့အားအကျိုးဆုတ်ယုတ်အောင်မလွှတ်ပဲမထားကြလင့်။ အကြင်သူသည် ထိုကျူးလွန် မှုကိုပြု၏။ ထိုသူသည် မိမိကိုယ်ကိုမိမိပြစ်မှား၏။ သင်တို့သည် မိမိတို့အပြုအမူအားဖြင့် အရှင်မြတ်၏ ဗျာဒိတ်တော်များကို ရယ်စရာမဖြစ်စေကြလင့်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကျမ်းတော်အားဖြင့်လည်းကောင်း၊ ပညာအလင်းရောင်အားဖြင့်လည်းကောင်း ဆုံးမချီးမြှင့်တော်မူ သည်ကိုလည်း သတိရကြလော။ သင်တို့သည် အရှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းရွက် ကြလော့။ အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူသည်ကိုလည်း သိကြလော့။
Ghazi Mohammad Hashim
တဖန် မည်သည့်အခါဝယ် အသင်တို့သည် (မိမိတို့) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ)ပေး၍ ကွာ ရှင်းပြီးသည့်နောက် ထိုဇနီးမိန်းမတို့သည် (မိမိ တို့အဖို့ ကန့် သတ် ပိုင်းခြားထားသော) အစ်ဒ်ဒတ် ရက်ပိုင်းကာလ ပရိစ္ဆေဒ (ကုန်ဆုံးခါနီး) သို့ရောက်ရှိသွားကြပါမူ၊ အသင်တို့ သည် ထိုဇနီးမိန်းမတို့အား တရားစည်းကမ်းနှင့်အညီ ပြန် လည်သိမ်းပိုက်ပေါင်းသင်းကြရမည်၊ သို့တည်းမဟုတ် တရားစည်းကမ်းအတိုင်း ထိုဇနီးမိန်းမတို့အား စွန့်လွှတ်ကြ ရမည်။ သို့ရာတွင် အသင်တို့သည် ထိုဇနီးမိန်းမတို့ကို နစ်နာစေ သောစေတနာဖြင့် ညှဉ်းပန်းနှိပ်စက်နိုင်ကြရန်အတွက် ပြန် လည် သိမ်းပိုက်ခြင်းကို မပြုကြကုန်လင့်။ အမှန်သော်ကား မည်သူမဆို ယင်းကဲ့သို့ (နစ်နာစေမှုကို) ပြုလုပ်ခဲ့ပါမူ ထို သူသည် အမှန်စင်စစ် မိမိကိုယ်ကိုသာ မိမိ နှိပ်စက်ရာ ရောက် ပေသည်။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို ပြောင်လှောင်ပြက်ချော် သရော် သမှုမပြုလုပ်ကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်ပြုထားတော်မူသော ကျေးဇူး တော်များကိုလည်းကောင်း၊ ထို အရှင်မြတ် ထုတ်ပြန်ချမှတ် တော်မူသော ကျမ်းဂန် နှင့်အသိအလိမ္မာ ဉာဏ်ပညာများကို လည်းကောင်း၊ သတိရကြကုန်လော့။ ထိုအရှင်သည် ထိုကျမ်း ဂန် ဒေသနာဖြင့်လည်းကောင်း၊ အသိအလိမ္မာ ဉာဏ်ပညာဖြင့် လည်းကောင်း အသင်တို့အား ပဲ့ပြင်ဆုံးမ တော်မူသည်၊ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြကုန်၊ ဧကန်စင်စစ် အလ’ာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူသည်ကိုလည်း အသင်တို့ ယုံကြည်မှတ်ယူ ကြလေကုန်။
Hashim Tin Myint
အသင်တို့သည် ဇနီးမိန်းများအား သွလာက်(ရဂျ်အီ)‌ပေးပြီး‌နောက် သူမတို့သည် အိဒ်ဒသ် (ကုန်ဆုံး‌တော့မည့်)ရက်ကို ‌ရောက်သွား‌သောအခါ အသင်တို့သည် ထိုဇနီးမိန်းမများအား ‌ကောင်းမွန်သည့်နည်းဖြင့် ပြန်ယူလိုက်ကြရမည်၊ သို့မဟုတ် ‌ကောင်းမွန်သည့်နည်းဖြင့် စွန့်လွှတ်လိုက်ကြရမည်။ ထို့‌နောက် အသင်တို့သည် ထိုဇနီးမိန်းမများအား နစ်နာ‌စေလိုသည့်အ‌နေဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ပြန်ယူထားခြင်းမပြုကြနှင့်။ ထို့ပြင် မည်သူမဆို ထိုကဲ့သို့ပြုလုပ်လျှင် ထိုသူသည် မိမိကိုယ်မိမိ နှိပ်စက်ခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ‌ပြောင်‌လှောင်မှု* မပြုလုပ်ကြနှင့်။ ထို့ပြင် အသင်တို့သည် အသင်တို့အ‌ပေါ်တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သတိရကြပါ။ ထို့ပြင် အရှင်မြတ်က အသင်တို့အ‌ပေါ်ချ‌ပေးခဲ့သည့် ကျမ်းဂန်နှင့် ပညာဉာဏ်အ‌မြော်အမြင် (စွန္နသ်‌တော်)များကိုလည်း သတိရကြပါ။ ထိုအရာများနှင့်ပင် အရှင်မြတ်သည် အသင်တို့အား ဆုံးမ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ၊ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek