×

(အကယ်၍ သတို့သမိးများအား မင်္ဂလာလက်ဆောင်အဖြစ်ပေးရန် အဓိကပစ္စည်းများကို အတိအကျ သတ်မှတ်လျှက် နှစ်ဦးနှစ်ဘက် သဘောတူညီမှုကို အတည်ပြုခဲ့ပြီးမှ) သူမတို့နှင့်မထိတွေ့ မချဉ်းကပ်မီ ကွာရှင်း 2:237 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:237) ayat 237 in Burmese

2:237 Surah Al-Baqarah ayat 237 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 237 - البَقَرَة - Page - Juz 2

﴿وَإِن طَلَّقۡتُمُوهُنَّ مِن قَبۡلِ أَن تَمَسُّوهُنَّ وَقَدۡ فَرَضۡتُمۡ لَهُنَّ فَرِيضَةٗ فَنِصۡفُ مَا فَرَضۡتُمۡ إِلَّآ أَن يَعۡفُونَ أَوۡ يَعۡفُوَاْ ٱلَّذِي بِيَدِهِۦ عُقۡدَةُ ٱلنِّكَاحِۚ وَأَن تَعۡفُوٓاْ أَقۡرَبُ لِلتَّقۡوَىٰۚ وَلَا تَنسَوُاْ ٱلۡفَضۡلَ بَيۡنَكُمۡۚ إِنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٌ ﴾
[البَقَرَة: 237]

(အကယ်၍ သတို့သမိးများအား မင်္ဂလာလက်ဆောင်အဖြစ်ပေးရန် အဓိကပစ္စည်းများကို အတိအကျ သတ်မှတ်လျှက် နှစ်ဦးနှစ်ဘက် သဘောတူညီမှုကို အတည်ပြုခဲ့ပြီးမှ) သူမတို့နှင့်မထိတွေ့ မချဉ်းကပ်မီ ကွာရှင်း လမ်းခွဲလိုသော် သူမတို့အား ပေးရန်တာဝန်ရှိသော အတည်ပြုသတ်မှတ်ခဲ့သည့် အဓိကပစ္စည်းများအနက်မှ ထက်ဝက်ကို ပေးချေရန် (သူမတို့အား ထိမ်းမြားမည့် အမျိုးသားများ၌) တာဝန်ရှိ၏။ သို့သော် ကာယကံရှင် အမျိုးသမီးများသည် ထိုပေးချေမှုကို ကင်းလွတ်ခွင့်ပေး၍ စွန့်လွတ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိမ်းမြားမင်္ဂလာ နှောင်ကြိုးချည်ပေးစဥ် တာဝန်ယူထားသူများသည် ထိုပေးချေမှုကို ကင်းလွတ်ခွင့်ပေး၍ စွန့်လွတ်သည်ဖြစ်စေ၊ ထိုသို့ ခွင့်လွတ်ပေးခြင်းသည် သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) နှင့်အနီးစပ်ဆုံးဖြစ်ပြီး သင်တို့အချင်းချင်းကြားတွင် (အရှင်မြတ်က ချီးမြှင့်တော်မူသည့် အရှင့် ကျေးဇူးတော်များကို အသိအမှတ်ပြုလျှက်) စိတ်သဘောထားမြင့်မြတ်ကြရန် မမေ့ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

❮ Previous Next ❯

ترجمة: وإن طلقتموهن من قبل أن تمسوهن وقد فرضتم لهن فريضة فنصف ما, باللغة البورمية

﴿وإن طلقتموهن من قبل أن تمسوهن وقد فرضتم لهن فريضة فنصف ما﴾ [البَقَرَة: 237]

Ba Sein
၂၃၇။ အကယ်၍ သင်တို့သည် သူတို့အား မထိခိုက်ဘဲ ခန်းဝင်ပစ္စည်းမည်ရွေ့မည်မျှပေးမည်ကို ဆုံးဖြတ် ပြီးမှ ကွာရှင်းကြလျှင် ခန်းဝင်ပစ္စည်းထက်ဝက်ကိုပေးရမည်။ သို့သော် မိန်းမသော်လည်းကောင်း၊ ယောက်ျားသော်လည်းကောင်း ခန်းဝင်ပစ္စည်းတွင် မိမိဝေစုကို မယူစွန့်လွှတ်ခွင့်ရှိ၏။ ယင်းစွန့်လွှတ် ခြင်းသည် အရှင်မြတ်နှင့် တရားတော်ကို ကြည်ညိုခြင်းနှင့် ပိုမိုနီးစပ်၏။ သင်တို့သည် မမေ့ကြလင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို သိမြင်တော်မူ၏။
Ghazi Mohammad Hashim
တဖန် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမ တို့အဘို့ တစ်စုံတစ်ခုသော မဟ်ရ်ပစ္စည်းကို သတ်မှတ်အတည် ပြုခဲ့ပြီးလျှင် ထိုဇနီးမိန်းမတို့အား အသင်တို့မထိတွေ့မီကပင် ကွာရှင်းခဲ့ကြသည်ရှိသော် မိမိတို့သတ်မှတ်ခဲ့သော မဟ်ရ် ပစ္စည်း၏ ထက်ဝက် (ကိုသာပေးဆပ်ကြရမည်) ဖြစ်သည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည် (မိမိတို့ရသင့်သော မဟ်ရ် ပစ္စည်းထက် ဝက်ကို) ခွင့်လွှတ်ကြပါမူ (ထိုမဟ်ရ် ပစ္စည်းထက်ဝက်ကိုပင် ပေးဆပ်ရန် လင်ယောက်ျား တို့၌တာဝန်မရှိပေ)၊ သို့တည်း မဟုတ် ထိမ်းမြားခြင်း၏ အနှောင်အဖွဲ့ကို ပိုင်ဆိုင်သော လင် ယောက်ျားက (မိမိ၌ ပေးဆပ်ရန် တာဝန်ရှိသော မဟ်ရ်ပစ္စည်း ထက်ဝက်အပြင် မိမိပြန်လည်သိမ်းပိုက်ထား နိုင်ခွင့်ရှိသော ကျန်ထက်ဝက်ကို ပါ)ခွင့်လွှတ် (၍ မဟ်ရ်ပစ္စည်း အားလုံးကို အကျေအ>ပန်ပေး ဆပ်)ပါမူ(ပေးဆပ်နိုင်ပေသည်)။ အမှန်စင်စစ် အသင်တို့၏ ခွင့်လွှတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ခြင်းတည်း ဟူသော တက္ကဝါ တရားနှင့် ပိုမို၍ပင် နီးစပ်လှပေသည်။ ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း ကျေးဇူးပြုခြင်းကို မမေ့ မလျော့ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြု လုပ်သမျှသော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိတော် မူသော အရှင် ဖြစ်တော်မူသတည်း။
Hashim Tin Myint
ထို့‌နောက် အကယ်၍ အသင်တို့သည် (ထိမ်းမြားရန် သ‌ဘောတူထား‌သော) မဟရ်ပစ္စည်းသတ်မှတ်ပြီး‌နောက် သူမတို့ကို မထိ‌တွေ့ရ‌သေးမီတွင် ကွာရှင်းခဲ့ကြလျှင် အသင်တို့ သတ်မှတ်ခဲ့ကြသည့် မဟရ်ပစ္စည်း၏တစ်ဝက်ကို သူမတို့အား ‌ပေးရမည်။ သို့ရာတွင် သူမတို့က ခွင့်လွှတ်ကြလျှင် (‌ပေးရန် မလို‌တော့‌ပေ)။ သို့မဟုတ် နိကာဟ်ပြုလုပ်သည့်သူက သူရမည့်ကျန်တစ်ဝက်ကို ခွင့်လွှတ်လိုက်လျှင်လည်း (ထို မိန်းမသည် တစ်ဝက်ပြန်‌ပေးရန်မလို‌တော့‌ပေ)။ ၎င်းပြင် အသင်တို့ ခွင့်လွှတ်လိုက်ခြင်းသည် သက္ကဝါ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှုအတွက် ပိုနီးစပ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ အချင်းချင်း အပြန်အလှန် ‌ကျေးဇူးပြုကြသည်ကို မ‌မေ့‌လျော့ကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek