Quran with Burmese translation - Surah Al-Baqarah ayat 236 - البَقَرَة - Page - Juz 2
﴿لَّا جُنَاحَ عَلَيۡكُمۡ إِن طَلَّقۡتُمُ ٱلنِّسَآءَ مَا لَمۡ تَمَسُّوهُنَّ أَوۡ تَفۡرِضُواْ لَهُنَّ فَرِيضَةٗۚ وَمَتِّعُوهُنَّ عَلَى ٱلۡمُوسِعِ قَدَرُهُۥ وَعَلَى ٱلۡمُقۡتِرِ قَدَرُهُۥ مَتَٰعَۢا بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُحۡسِنِينَ ﴾
[البَقَرَة: 236]
﴿لا جناح عليكم إن طلقتم النساء ما لم تمسوهن أو تفرضوا لهن﴾ [البَقَرَة: 236]
Ba Sein ၂၃၆။ သင်တို့သည် မိန်းမများအား သူတို့ထံသို့မဝင်မီသော်လည်းကောင်း၊ ခန်းဝင်ပစ္စည်းမည်ရွေ့မည်မျှ ပေးမည်ကို မဆုံးဖြတ်မီသော်လည်းကောင်း ကွာရှင်းသည်ရှိသော် သင်တို့သည် အပြစ်မသင့်ပေ။ သို့သော် သင်တို့သည် ရည်တတ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ မိမိတို့ပစ္စည်းဥစ္စာအင်အား အလျောက် သင့်တင့်လျှောက်ပတ်သော လက်ဆောင်ပဏ္ဏာပေးကြရမည်။ ယင်း ပေးကမ်းမှုသည် သုစရိုက်ကောင်းမှုပွားသူတို့အဖို့ မကင်းသောတာဝန်ဖြစ်၏။ |
Ghazi Mohammad Hashim အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။ |
Hashim Tin Myint အကယ်၍ အသင်တို့သည် ဇနီးမိန်းမများကို မထိတွေ့ကြသေးမီ* သို့မဟုတ် (ထိမ်းမြားရန် သဘောတူထားသော) မဟရ်ပစ္စည်း(မည်၍မည်မျှ)ဟု မသတ်မှတ်ရသေးမီပင် ကွာရှင်းခဲ့ကြလျှင် အသင်တို့တွင် မည်သည့်အပြစ်မျှ မရှိပေ။ ထို့နောက် ထိုမိန်းမများအား အသင်တို့သည် ချမ်းသာသောသူသည် ချမ်းသာသည့်အလျောက်၊ ဆင်းရဲသောသူသည် ဆင်းရဲသည့်အလျောက် သူတို့ တတ်စွမ်းနိုင်သည်ခန့် ကောင်းမွန်သည့်နည်းဖြင့် အကျိုးခံစားခွင့် (လက်ဆောင်)ပေးရန် တာဝန်ရှိသည်။* ဤသည် ကောင်းကျိုးဆောင်ရွက်သူများအပေါ်တွင် တာဝန်တစ်ခုဖြစ်သည်။ |