Quran with Burmese translation - Surah Al-Baqarah ayat 243 - البَقَرَة - Page - Juz 2
﴿۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ خَرَجُواْ مِن دِيَٰرِهِمۡ وَهُمۡ أُلُوفٌ حَذَرَ ٱلۡمَوۡتِ فَقَالَ لَهُمُ ٱللَّهُ مُوتُواْ ثُمَّ أَحۡيَٰهُمۡۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ﴾
[البَقَرَة: 243]
﴿ألم تر إلى الذين خرجوا من ديارهم وهم ألوف حذر الموت فقال﴾ [البَقَرَة: 243]
Ba Sein ၂၄၃။ အို - မုဟမ္မဒ် သေဘေးကိုစိုးရိမ်ကြောင့်ကြသောကြောင့် မိမိတို့နေရာအရပ်များမှ ထောင်ပေါင်းများစွာ ပြောင်းေ့ရွှသွားသည့် ရှေးလူဟောင်းတို့အကြောင်းကို သင်တွေးတောဆင်ခြင်ကြည့်ရှုလော့။ အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား မောင်မင်းတို့သေကြေလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ထို့နောက် အရှင်မြတ်သည် သူတို့ကို ပြန်ရှင်စေတော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အဖို့ မဟာကရုဏာတော်အရှင်သခင်ဖြစ်တော်မူ၏။ သို့သော် လူသားတို့အနက် များလှစွာ သောသူတို့သည် အရှင်မြတ်၏ဂုဏ်ကျေးဇူးတော်ကို မသိ၊ မချီးကျူးကြပေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။ |
Hashim Tin Myint အသင်(တမန်တော်)သည် ထောင်ပေါင်းများစွာရှိလျက်နှင့် သေရမည်ကိုကြောက်၍ သူတို့အိမ်များမှ ထွက်သွားခဲ့ကြသည့်သူများကို မသိမြင်ခဲ့ပါသလော။ ထို့အတွက်ကြောင့် အရှင်မြတ်သည် သူတို့အား“အသင်တို့သေကြပေတော့“ဟု မိန့်ကြားတော်မူလိုက်သည်။ (ထိုအခါ သူတို့သည် သေသွားကြသည်။) ထို့နောက် အရှင်မြတ်သည် သူတို့အား ရှင်ပြန်ထစေတော်မူခဲ့သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများပေါ်၌ ကျေးဇူးပြုတော်မူသောအရှင်ဖြစ်တော်မူသည်။ သို့ရာတွင် လူများတွင် အများစုသည် ကျေးဇူးမသိတတ်ကြပေ။ |