Quran with Burmese translation - Surah Al-Baqarah ayat 259 - البَقَرَة - Page - Juz 3
﴿أَوۡ كَٱلَّذِي مَرَّ عَلَىٰ قَرۡيَةٖ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحۡيِۦ هَٰذِهِ ٱللَّهُ بَعۡدَ مَوۡتِهَاۖ فَأَمَاتَهُ ٱللَّهُ مِاْئَةَ عَامٖ ثُمَّ بَعَثَهُۥۖ قَالَ كَمۡ لَبِثۡتَۖ قَالَ لَبِثۡتُ يَوۡمًا أَوۡ بَعۡضَ يَوۡمٖۖ قَالَ بَل لَّبِثۡتَ مِاْئَةَ عَامٖ فَٱنظُرۡ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمۡ يَتَسَنَّهۡۖ وَٱنظُرۡ إِلَىٰ حِمَارِكَ وَلِنَجۡعَلَكَ ءَايَةٗ لِّلنَّاسِۖ وَٱنظُرۡ إِلَى ٱلۡعِظَامِ كَيۡفَ نُنشِزُهَا ثُمَّ نَكۡسُوهَا لَحۡمٗاۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعۡلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[البَقَرَة: 259]
﴿أو كالذي مر على قرية وهي خاوية على عروشها قال أنى يحيي﴾ [البَقَرَة: 259]
Ba Sein ၂၅၉။ သို့မဟုတ် သင်တမန်တော်သည် ဤလူအကြောင်းကို စဉ်းစားကြည့်ရှုလော့။ ထိုသူသည် ပျက်စီး ယိုယွင်းသွားသော မြို့ရွာနယ်ပယ်ကို ဖြတ်သွားသောအခါ အလ္လာဟ်အရှင်မြတ်သည် ဤအရပ်ဒေသ ကို ပျက်စီးစေပြီးသည့်နောက် အဘယ်သို့ ရှင်ပြန်ထမြောက်စေတော်မူမည်နည်းဟု ညည်းညူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား နှစ်ပေါင်းတစ်ရာ သေစေတော်မူပြီးနောက် ရှင်ပြန် ထမြောက်စေတော်မူ၏။ အရှင်မြတ်က သင်သည် မည်မျှကြာကြာဆိုင်းင့ံပြီးသနည်းဟု မိန့်တော်မူ၏။ ထိုသူက အကျွန်ုပ်သည် တစ်နေ့ သို့မဟုတ် နေ့တစ်ပိုင်းစောင့်ဆိုင်းပြီးပါပြီဟု တင်လျှောက်၏။ အရှင်မြတ်က မဟုတ်ချေ။ သင်သည် အနှစ်တစ်ရာကြာပြီ။ မပုတ်သိုးသေးသော သင်၏ အစားအစာ ကို ကြည့်ရှုလော့။ သင်၏ မြည်းတိရိစ္ဆာန်ကိုလည်း ကြည့်ရှုလော့။ ထို့ပြင် ငါအရှင်မြတ်သည် သင့်အား လူသားတို့အဖို့ လက္ခဏာအ့ံဖွယ်တစ်ပါးဖြစ်စေရန် အရိုးများကို ကြည့်ရှုလော့။ ထိုအရိုးများကို ငါ မည်သို့ ပြန်ဆက်စပ်တော်မူခြင်း၊ ထိုနောက် ထိုအရိုးများကို မည်သို့ အသားအရေနှင့် ဖုံးအုပ်ထား တော်မူခြင်းတို့ကို ကြည့်ရှုလော့ဟု ဗျာဒိတ်ချတော်မူ၏။ ထိုသူသည် အဖြစ်အပျက်များကို ကျန သေချာစွာ မြင်ရသောအခါ အလ္လာဟ်အရှင်မြတ်သည် အရာရာတို့ကို ပြုစွမ်းနိုင်တော်မူသည်ကို အကျွန်ုပ် ယခု သိပါပြီဟု ပြောဆို၏။ |
Ghazi Mohammad Hashim င်းပြင် (အို-နဗီတမန်တော်) အသင်သည်အကြင်သူ၏ အဖြစ်အပျက်ကို လေ့လာဆင်ခြင်သုံးသပ်ပြီးဖြစ်သည် မဟုတ်ပါလော။ ထိုသူသည် (အိမ်ခေါင်မိုးများ ပြိုကျကာနံရံများသည်လည်း) ခေါင်မိုးများပေါ်သို့ ပြိုကျ၍ ပျက်စီးလျက်ရှိသော မြို့ရွာတစ်ရွာကို ဖြတ်သန်းသွားလေရာ “အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာကို ပျက်စီးပြီးနောက်အဘယ်နည်းဖြင့် ပြန်လည်(ရှင်စေ)ထူထောင်တော်မူအံ့နည်း”ဟု(မိမိစိတ်တွင်းဝယ် အံ့ဩကြီးစွာဖြင့်တွေးဆ)ပြောဆို လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအားနှစ်ပေါင်းတစ်ရာတိတိ သေစေတော်မူခဲ့လေ၏။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ထိုသူအားရှင်စေတော်မူ၍”အသင်သည်(ဤနေရာ၌)မည်မျှတိုင်အောင် ကြာမြင့်စွာ နေခဲ့ပါသနည်း” ဟု မေးမြန်းတော်မူလေရာ ထိုသူက ကျွန်တော်မျိုးသည် တစ်နေ့တိတိ သို့တည်းမဟုတ် တစ်နေ့လျော့လျော့နေ ခဲ့ပါ သည်” ဟု လျှောက်ထားလေသည်။ (ထိုအခါအလ္လာဟ် အရှင်မြတ်က) “ဤသို့ မဟုတ်၊ စင်စစ်မှာကားအသင်သည်နှစ် ပေါင်း တစ်ရာမျှတိုင် အောင်နေခဲ့လေပြီ။အသင်သည် မိမိ၏ စားဖွယ်သောက်ဖွယ် ရာများကို ရှုပါလေ၊ထိုစားဖွယ်ရာများ သည် (ဤမျှနှစ်ကာလ ပရိစ္ဆေဒကြာမြင့်သော်လည်း စိုးစဉ်းမျှ) ပုပ်သိုးနံစော်ခြင်း မရှိပြီ။တစ်ဖန် (မိမိ စီးနင်း၍လာသော) မြည်းတိရိစ္ဆာန်ကို(လည်း)ကြည့်ပါလေ။ စ်စစ်တမူကား ငါအရှင်မြတ်သည်အသင့်ကို (ယင်းကဲ့သို့သေစေတော်မူပြီး တဖန်ရှင်စေတော်မူခြင်းမှာ လူခပင်းတို့အဖို့ သက်သေခံ လက္ခဏာတစ်ရပ်ပြုလုပ်တော်မူရန်ပင်တည်း။ ထိုနည်းတူစွာငါအရှင်မြတ်သည်(အသင်စီးနင်း၍လာသောမြည်းတိရိစ္ဆာန်၏)အရိုးများကို မည်သည့်နည်းမျိုးဖြင့် ဆက်စပ်တော်မူ၍ အသားဖြင့် ဖုံးအုပ်ပေးတော်မူသည်ကိုလည်း ရှုပါလေ” ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည့်အတိုင်း အဖြစ်အပျက်အလုံးစုံတို့သည်) ထိုသူ့အဖို့ရာ ထင်ရှားလာသောအခါ ထိုသူက “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ဖြစ်တော်မူသည်ကို ကျွန်တော်မျိုး(မျက်မြင်ဒိဋ္ဌသိမြင်) ယုံကြည် ပါပြီ”ဟု လျှောက်ထား လေသတည်း။ |
Hashim Tin Myint သို့မဟုတ် အသင်(တမန်တော်)သည် အကြင်သူကို မသိမြင်ခဲ့ပါသလော၊ ထိုသူသည် မြ့ိုရွာတစ်ရွာကို ဖြတ်သန်းသွားခဲ့သည်။ ထိုရွာရှိ အိမ်များသည်(ခေါင်မိုးများပြိုကျပြီး နံရံများသည်လည်း)ပြိုကျပျက်စီးလျက်ရှိသည်။ (ထိုအချင်းအရာကိုတွေ့ပြီး)၎င်းက ပြောသည်၊ အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာအား ပျက်စီးပြီးနောက် မည်သည့်နည်းဖြင့် ပြန်လည်ရှင်စေ(ထူထောင်)တော်မူပါမည်နည်း။ ထို(ကဲ့သို့ ပြောသည့်အတွက်)ကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား နှစ်ပေါင်းတစ်ရာ သေစေတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် ၎င်းအား ပြန်ရှင်စေတော်မူ၍ မေးမြန်းတော်မူသည်၊ “အသင်သည် မည်မျှကြာညောင်းစွာ(ဤနေရာ၌)နေခဲ့သနည်း။“ ၎င်းက ပြန်ဖြေသည်၊ “ကျွန်ုပ်သည် တစ်နေ့ သို့မဟုတ် နေ့၏တစ်စိတ်တစ်ပိုင်း နေခဲ့ပါသည်။“ အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အသင်သည် နှစ်ပေါင်းတစ်ရာနေခဲ့ခြင်းဖြစ်သည်။ အသင်သည် အသင်၏စားသောက်ဖွယ်ရာများကို ကြည့်ပါ။ ထိုစားဖွယ်များသည် (ဤမျှ နှစ်ကြာသည့်တိုင်)ပုပ်သိုးနံစော်ခြင်းမရှိပေ။ ထို့နောက် (အသင်စီးနင်းလာသည့်) မြည်းတိစာ္ဆန်ကို(လည်း)ကြည့်ပါ။ ထို့နောက် ငါအရှင်မြတ်သည် အသင့်အား လူများအတွက် သက်သေလက္ခဏာတစ်ခုအဖြစ် ပြုလုပ်တော်မူရန် ဖြစ်သည်။ ထို့နောက် (အသင်စီးလာသည့် မြည်း၏)အရိုးများကို ငါအရှင်မြတ်သည် မည်ကဲ့သို့ ဆက်စပ်တော်မူပြီး အသားနှင့် ဖုံးအုပ်တော်မူသည်ဆိုသည်ကို အသင်ကြည့်ပါ။ ထို့နောက် ၎င်းအတွက် ထိုအရာများသည် ထင်ရှားလာသည့်အခါ ၎င်းက ”အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်ကို ကျွန်ုပ်သိရှိ(ယုံကြည်)ပါပြီ“ ဟုပြောဆိုသည်။ |