Quran with Burmese translation - Surah Al-Baqarah ayat 263 - البَقَرَة - Page - Juz 3
﴿۞ قَوۡلٞ مَّعۡرُوفٞ وَمَغۡفِرَةٌ خَيۡرٞ مِّن صَدَقَةٖ يَتۡبَعُهَآ أَذٗىۗ وَٱللَّهُ غَنِيٌّ حَلِيمٞ ﴾
[البَقَرَة: 263]
﴿قول معروف ومغفرة خير من صدقة يتبعها أذى والله غني حليم﴾ [البَقَرَة: 263]
Ba Sein ၂၆၃။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ ကြင်နာသောစကားကို ဆိုလိုခြင်းသည် သူတစ်ပါးအား အလှူပေးပြီး လျှင် စိတ်နာစရာပြုသည်ထက် သာလွန်မွန်မြတ်၏။ အလ္လာဟ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူထသောအရှင်၊ ထောက်ထားညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim (ပေးကမ်းလှူဒါန်းခြင်းမပြုနိုင်သော အချိန်အခါဝယ် သူဖုန်းစားသူဆင်းရဲတို့အား) ကောင်းမြတ်သောစကားတခွန်း ပြောဆိုခြင်းသည်လည်းကောင်း၊ (သူဖုန်းစားသူဆင်းရဲတို့၏ ဇွတ်တရွတ် မဖွယ်မရာ ပြောဆိုပြုလုပ်သည်များကို) ခွင့်လွှတ်ခြင်းသည် လည်းကောင်း(ဥစ္စာပစ္စည်း)ပေးကမ်းစွန့်ကြဲ လှူဒါန်းပြီးနောက် (ယင်းသူဆင်းရဲတို့အားအထင်အမြင်သေးခြင်း စသည်တို့ဖြင့်) စိတ်ဒုက္ခရောက်စေခြင်းထက် (အဆပေါင်းများစွာ) သာလွန်၍ ကောင်းမြတ်ပေသတည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ြွကယ်ဝတော်မူသောအရှင်၊ ခမာဂုဏ်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။ |
Hashim Tin Myint ကောင်းမြတ်သည့် စကားတစ်ခွန်းပြောဆိုခြင်းနှင့် ခွင့်လွှတ်ခြင်းသည် ပစ္စည်းဥစ္စာပေးကမ်းပြီး စိတ်ဒုက္ခရောက်အောင်လုပ်ခြင်းထက် ပိုကောင်းသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာသည်းခံဆိုင်းငံ့တော်မူသောအရှင် ဖြစ်တော်မူသည်။ |