×

အို၊ ယုံကြည်သူတို့အပေါင်းတို့၊ တိကျသော အချိန်ကာလတစ်ခု သတ်မှတ်၍ သင်တို့အချင်းချင်းကြားတွင် အကြွေးဖြင့် တစ်ဦးကိုတစ်ဦး အရောင်းအဝယ် ကတိခံဝန်ချက်ပြုလုပ်ကြသည့်အခါ စာချုပ်ချုပ်ဆို၍ မှတ်တမ်းတင်ကြလော့။ 2:282 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:282) ayat 282 in Burmese

2:282 Surah Al-Baqarah ayat 282 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 282 - البَقَرَة - Page - Juz 3

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا تَدَايَنتُم بِدَيۡنٍ إِلَىٰٓ أَجَلٖ مُّسَمّٗى فَٱكۡتُبُوهُۚ وَلۡيَكۡتُب بَّيۡنَكُمۡ كَاتِبُۢ بِٱلۡعَدۡلِۚ وَلَا يَأۡبَ كَاتِبٌ أَن يَكۡتُبَ كَمَا عَلَّمَهُ ٱللَّهُۚ فَلۡيَكۡتُبۡ وَلۡيُمۡلِلِ ٱلَّذِي عَلَيۡهِ ٱلۡحَقُّ وَلۡيَتَّقِ ٱللَّهَ رَبَّهُۥ وَلَا يَبۡخَسۡ مِنۡهُ شَيۡـٔٗاۚ فَإِن كَانَ ٱلَّذِي عَلَيۡهِ ٱلۡحَقُّ سَفِيهًا أَوۡ ضَعِيفًا أَوۡ لَا يَسۡتَطِيعُ أَن يُمِلَّ هُوَ فَلۡيُمۡلِلۡ وَلِيُّهُۥ بِٱلۡعَدۡلِۚ وَٱسۡتَشۡهِدُواْ شَهِيدَيۡنِ مِن رِّجَالِكُمۡۖ فَإِن لَّمۡ يَكُونَا رَجُلَيۡنِ فَرَجُلٞ وَٱمۡرَأَتَانِ مِمَّن تَرۡضَوۡنَ مِنَ ٱلشُّهَدَآءِ أَن تَضِلَّ إِحۡدَىٰهُمَا فَتُذَكِّرَ إِحۡدَىٰهُمَا ٱلۡأُخۡرَىٰۚ وَلَا يَأۡبَ ٱلشُّهَدَآءُ إِذَا مَا دُعُواْۚ وَلَا تَسۡـَٔمُوٓاْ أَن تَكۡتُبُوهُ صَغِيرًا أَوۡ كَبِيرًا إِلَىٰٓ أَجَلِهِۦۚ ذَٰلِكُمۡ أَقۡسَطُ عِندَ ٱللَّهِ وَأَقۡوَمُ لِلشَّهَٰدَةِ وَأَدۡنَىٰٓ أَلَّا تَرۡتَابُوٓاْ إِلَّآ أَن تَكُونَ تِجَٰرَةً حَاضِرَةٗ تُدِيرُونَهَا بَيۡنَكُمۡ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَلَّا تَكۡتُبُوهَاۗ وَأَشۡهِدُوٓاْ إِذَا تَبَايَعۡتُمۡۚ وَلَا يُضَآرَّ كَاتِبٞ وَلَا شَهِيدٞۚ وَإِن تَفۡعَلُواْ فَإِنَّهُۥ فُسُوقُۢ بِكُمۡۗ وَٱتَّقُواْ ٱللَّهَۖ وَيُعَلِّمُكُمُ ٱللَّهُۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٞ ﴾
[البَقَرَة: 282]

အို၊ ယုံကြည်သူတို့အပေါင်းတို့၊ တိကျသော အချိန်ကာလတစ်ခု သတ်မှတ်၍ သင်တို့အချင်းချင်းကြားတွင် အကြွေးဖြင့် တစ်ဦးကိုတစ်ဦး အရောင်းအဝယ် ကတိခံဝန်ချက်ပြုလုပ်ကြသည့်အခါ စာချုပ်ချုပ်ဆို၍ မှတ်တမ်းတင်ကြလော့။ သင်တို့အချင်းချင်းကြားဝယ် (ရေးမှတ်သူ) စားရေးတစ်ဦးကို (တရားတော်နှင့်အညီ) မျှတစွာရေး သားမှတ်တင်စေလော့။ (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်အားဖြင့်) အလ္လာဟ်အရှင်မြတ်က သင်တို့ကို သွန်သင်သည့်အတိုင်း ရေးမှတ်စေခြင်းအား မည်သည့် စားရေးကမျှ မငြင်းဆို မဖီဆန်သင့်ပေ။ သို့ဖြစ်ပါ၍ မြီစားအား (အကြွေးနှင့်စပ်လျဉ်း၍ ပြန်လည်ပေးဆပ်ရန် မည်သို့ တာဝန်ခံကြောင်းကိုလည်း) တရားဝင်ထုတ် ဖော်ကြေညာစေခြင်း၊ မည်သူ့အပေါ် မည်သို့သောတာဝန် (နှင့်အခွင့်အရေးများ) ရှိကြောင်းကို မှန်ကန်စွာ ရေး သားစေခြင်း၊ (စာချုပ်ပါ မြီစားမြီရှင်များအနက် မည်သူမဆို) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံးရန် တိုက်တွန်းသည့်စာသားပါ) စေခြင်း၊ စာရေးသူက (စာချုပ်တွင် တည့်သွင်း ဖော်ပြရန် အရှင်မြတ်ညွှန်ကြားထားသည့် အချက်များမှ) မည်သည့်အချက်ကိုမျှ လျော့ပေါခြင်းမပြုစေခြင်းတို့ဖြင့် (စာရေးသူအား) ရေးသားစေလော့။ သို့သော် အကယ်၍ မြီစားက (ပြန်လည်ပေးဆပ်ရန် မည်သို့ တာဝန်ခံကြောင်း) ထုတ်ဖော်ကြေညာရာတွင် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ချွတ်ယွင်းချက်များရှိ ခဲ့သော်လည်းကောင်း၊ သို့တည်းမဟုတ် မတတ်စွမ်းနိုင်သော်လည်းကောင်း၊ သူ့ကိုယ်စား သူ့ (အတွက်တာဝန် ယူနိုင်မည့်) အုပ်ထိန်း သူတစ်ဦးက (တရားတော်နှင့်အညီ) မျှတစွာ တရားဝင်ထုတ်ဖော်ကြေညာ ပေးရမည်။ ထို့ပြင် အမျိုးသားများအနက်မှ သက်သေနှစ်ဦးအား (လိုအပ်သည့်အချိန်တွင် မျက်မြင်သက်သေအဖြစ် သက်သေထွက်ဆိုရန်) သက်သေခံနိုင်စေရမည်။ အကယ်၍ အမျိုးသားသက်သေနှစ်ဦး မရှိပါက အမျိုးသား တစ်ဦးနှင့်သင်တို့သဘောတူလက် ခံနိုင်သည့် အမျိုးသမီးနှစ်ဦးကို (အမျိုးသမီးတို့၏ကလေးထိန်း တာဝန်နှင့်အခြား ကျန်းမာရေး၊ လူမှုရေး အခြေအနေကြောင့် တာဝန်ပေးပြီး) တစ်ဦးဦးက (စာချုပ်ပါအချက်များကို) စိတ်ရှုပ်၊ တွေဝေ၊ မေ့လျော့၍ ချွတ်ချော်မှားယွင်းခဲ့လျှင် နောက်တစ်ဦးက ထောက်ပြပြီး သတိရစေရန်အလို့ငှာ) သက်သေခံနိုင်စေရမည်။ (လိုအပ်သည့်အချိန်တွင် သက်သေထွက်ဆိုရန်) ဖိတ်ခေါ်ခြင်းခံရသည့်အခါ အဆိုပါ သက်သေများက သက်သေလိုက်ရန် မငြင်းဆိုသင့်ပေ။ စာချုပ်ရေးသားသူသည် ကတိဝန်ခံချက်ပါ အချက်အလက်များကို ရေရှည်၊ ရေတို၊ အဓိကနှင့် သာမည၊ အသေးနှင့်အကြီး အသေးစိတ်တို့ကို စိတ်တိုစိတ် ပျက်ငြိ ငွေ့ခြင်း အလျှင်း မရှိဘဲ တာဝန်ယူရေးသား၍ မှတ်တမ်းတင်ရမည်။ ထိုသို့လုပ် ဆောင်ခြင်းသည် သင်တို့အတွက် သံသယကင်းမှုနှင့်အနီးစပ်ဆုံး၊ သက်သေအ ထောက်အထားအခိုင်မာဆုံးနှင့်အတည့်မတ်ဆုံး ဖြစ်ရုံမျှသာမက အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း အမျှတဆုံး နှင့်သဟဇတအဖြစ်ဆုံးပင် ဖြစ်၏။ သို့ရာတွင် သင်တို့အချင်း ချင်းကြားတွင် လတ်တလော (အရောင်းအဝယ်၊ အပေးအယူ၊ လက်လွှဲလက်ပြောင်းစသော ကုန်သွယ်မှုကိစ္စ တစ်ခုအား အကောင်အတည်ဖော်ဆောင်ရွက်သည့် အခါတွင်မူ ယင်းကို သင်တို့က မှတ်တမ်းတင်ရေးသား စေခြင်းမပြုလျှင် သင်တို့အပေါ် အပြစ်မထိုက်ပေ။ သို့သော် (သင်တို့အချင်းချင်းကြား ထိုသို့သော လတ်တလော ကုန်သွယ်စီးပွားတွင်လည်း (ဘောက်ချာ၊ ပြေစာ၊ အထောက်အထားနှင့်လက်မှတ်များကို) သက်သေအဖြစ် ရယူထားကြလော့။ ထို့အပြင် စာရေးသူ (မှတ်တမ်း တင်သူ) နှင့် (နှစ်ဉီးနှစ်ဘက်၏) သက်သေများကို ထိခိုက် နစ်နာအောင် မပြုလုပ်ကြလေနှင့်။ အကယ်၍ ထိုသို့ ပြုမူကျင့်ကြံလျှင် (ထိုသို့ ထိခိုက်နစ်နာအောင် လုပ်ခြင်း သည်) အမှန်ပင် မနာခံ၊ ဖီဆန်၊ ဆန့်ကျင်လို၍ အာခံကြ သော​သူတို့၏လုပ်ရပ်ပင် ဖြစ်၏။ အလ္လာဟ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။ အလ္လာဟ့်အရှင်မြတ်သည် သင်တို့အား (သင်တို့၏ဘဝကို အေးချမ်းသာယာစေ၍ လုံခြုံဖွံ့ဖြိုးမှု ပေးတော်မူရန်အတွက် ထိုကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မှ တစ် ဆင့်) အမိန့်ပေး သွန်သင် သင်ကြားစေတော်မူ၏။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا إذا تداينتم بدين إلى أجل مسمى فاكتبوه وليكتب بينكم, باللغة البورمية

﴿ياأيها الذين آمنوا إذا تداينتم بدين إلى أجل مسمى فاكتبوه وليكتب بينكم﴾ [البَقَرَة: 282]

Ba Sein
၂၈၂။ အို - ယုံကြည်သူတို့ သင်တို့သည် အချိန်နှစ်လ သတ်မှတ်ပိုင်းခြား၍ အကြွေးချေးငှားသည်ရှိသော် ထိုချေးငှားခြင်းကို စာချုပ်ချုပ်ထားကြလော့။ သင်တို့စပ်ကြားတွင် စာရေးသူအား တရားမျှတသော အချေးအငှား စည်းကမ်းချက်များကို ရေးထားစေကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူ့အား သင်ထားတော်မူသဖြင့် စာရေးသူသည် စာချုပ်ရေးရန် မငြင်းရချေ။ ထို့ကြောင့် သူ့အား ရေးစေ ကြလော့။ ကြွေးတင်သောသူက ရေးရမည့် စည်းကမ်းချက်များကို မြွက်ဆိုရမည်။ သူသည် မိမိ၏ အရှင်သခင်အား ကြောက်ရွံ့ရမည်။ လျှော့ပေါ့၍ မပြောဆိုရ၊ သို့သော် မြီစားသည် အသိဉာဏ် နည်းပါးလျှင်သော်လည်းကောင်း၊ မကျန်းမာအားနည်းလျှင်သော်လည်းကောင်း၊ စည်းကမ်းချက်များ ကို မပြောပြနိုင်လျှင်သော်လည်းကောင်း၊ သူ၏အကျိုးစီးပွားကို စောင့်ရှောက်ထိန်းသိမ်းသူက တရားသော စည်းကမ်းချက်များကို မြွက်ဆိုရမည်။ ထိုစာချုပ်စာတမ်းရေးချုပ်သည့်အခါ သင်တို့ အထဲက ယောက်ျားသက်သေနှစ်ယောက်ရှိရမည်။ ယောက်ျားနှစ်ယောက် လွယ်လင့်တကူ မရနိုင် လျှင် ယောက်ျားတစ်ယောက်နှင့် သင်တို့ သက်သေထူချင်သော မိန်းမနှစ်ယောက်ရှိရမည်။ သူတို့ အနက် တစ်ယောက်မေ့လျော့၍မှားလျှင် ကျန်တစ်ယောက်က မှတ်သားမိလိမ့်မည်။ သက်သေအဖြစ် ခေါ်သောအခါ အခေါ်ခံရသောသူတို့သည် မငြင်းပယ်ရ။ အချေးအငှား အရောင်းအဝယ်ကိစ္စကို ကြီးငယ်မဟူ စုံလင်စွာ ရေးထားဖို့ကို မလိုလားမဖြစ်ကြလင့်။ ယင်းသို့ စာချုပ်ချုပ်ထားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ေ့ရှတော်ဝယ် သာလွန်တရားမျှတ၏။ သာလွန်သေချာသော သက်သေ သာဓကလည်းဖြစ်၏။ သင်တို့စပ်ကြားတွင် အငြင်းအခုံကို ရှောင်ရှားရန် အကောင်းဆုံးသော နည်းလမ်းဖြစ်၏။ သို့သော် ကုန်စည်ကို လက်ငင်းရောင်းချရာ၌ စာချုပ် ချုပ်ရန်မလိုချေ။ လက်ငင်း ရောင်းဝယ်ရာ၌ စာချုပ်မချုပ်၍ သင်တို့၌အပြစ်မထိုက်ချေ။ သင်တို့ အရောင်းအဝယ်ပြုသောအခါ သက်သေတို့ရှိကြစေလော့။ စာရေးသူကိုသော်လည်းကောင်း၊ သက်သေကိုသော်လည်းကောင်း အန္တရာယ်မပြုကြလင့်။ သူတို့အား ဘေးပြုခြင်းသည် အပြစ်သင့်၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ ပညတ်တော်ကို ဦးထိပ်ထက်တင်ရွက်ပန်ဆင်ကြလော့။ အရှင်မြတ်အား ကြောက်ရွံ့ကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သွန်သင်ဆုံးမနေတော်မူ၏။ ထို့ပြင် အရှင်မြတ်သည် ခပ်သိမ်း ကုန်သောအရာတို့ကို သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အို-ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန်သော (မုစ်လင်မ်) အပေါင်းတို့။ အသင်တို့သည် မိမိတို့အချင်းချင်း (ကုန်စည်ရောင်းဝယ်ရာ၌) ကာလ ပရိစ္ဆေဒ သတ်မှတ်ပိုင်းခြား၍ အကြွေးရောင်းဝယ် ကြသောအခါ၊ ထိုအကြွေးရောင်းဝယ်ခြင်းကိစ္စကို (စာချုပ်စာတမ်းပြုလုပ်) ရေးသားကြကုန်၏။ စင်စစ် အသင်တို့သည် မိမိတို့ အချင်းချင်း (ယင်းကဲ့သို့အကြွေးရောင်းဝယ်ကြသောအခါ) ရေးမှတ်သူ တစ်ဦးဦးသည်(စာချုပ်စာတမ်းကို) တရား မျှတစွာဖြင့် ရေးသား၍ ပေးရမည်။ထိုမှတပါးတုံ ရေးမှတ်သူတဦးဦးသည် မိမိအား အလ္လာဟ်အရှင်မြတ် သင်ကြားပြသ၍ ပေးသနားတော်မူသည့်အတိုင်း (စာချုပ်စာတမ်း) ရေးသား၍ ပေးခြင်းကို ငြင်းပယ်ခြင်းမပြုရပေ။ သို့ဖြစ်လေရာ စာရေးသူသည်လည်း ရေးသား၍ပေးရမည်။ထိုနည်းတူစွာ (ကြွေးမြီပေးဆပ်ရန်) တာဝန် ရှိသောသူ(မြီစား)သည် (ပြောပြ) ရေးသားစေရမည်။ သို့ရာတွင် (ယင်းကဲ့သို့ ပြောပြ ရေးသားစေသောအချိန်အခါဝယ်) မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကြောက် ရွံ့ကာထိုတာဝန်ရှိသည့်အနက် တစ်စုံတစ်ရာကိုမျှ လျှော့၍ (ရေးသားစေခြင်းကို) မပြုရချေ။ တဖန် အကယ်၍ (ကြွေးမြီ ပေးဆပ်ရန်) တာဝန်ရှိသူကား ဉာဏ်ထိုင်းသော သူဖြစ်သော် လည်းကောင်း၊ အသက်အရွယ် အိုမင်းရင့်ရော် သူဖြစ်၍သော် လည်းကောင်း၊ အရွယ်မရောက်သေးသော ငယ်ရွယ်သူဖြစ်၍သော်လည်းကောင်း၊ မစွမ်းမသန်သူဖြစ်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် ရေးသားစေရန် မစွမ်းနိုင်သောသူ ဖြစ်၍သော်၊ထိုသူ၏ အုပ်ထိန်းသူ (သို့မဟုတ် အာဏာပိုင် သော ကိုယ်စားလှယ်) သည် (ထိုသူ၏ကိုယ်စား) တရားမျှတစွာ ဖြင့် ရေးသားစေရမည်။ထို့ပြင်တဝ အသင်တို့သည် (ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုကြသည့်ပြင် ခိုင်လုံသည်ထက် ခိုင်လုံစေခြင်းငှာ) မိမိတို့အနက်မှ ယောကျာ်းနှစ်ဦးကို (လည်း) သက်သေထား ရှိကြကုန်။တဖန် အကယ်၍ ထိုသက်သေနှစ်ဦးတို့သည် ယောကျာ်းနှစ်ဦးမဖြစ်ကြပါလျှင် အသင်တို့ သဘောတူညီနှစ်သက်ကြ လေသောသက်သေများအနက်မှ ယောကျာ်း တဦးနှင့် မိန်းမနှစ်ဦးတို့သည်ပင်လျှင် လုံလောက်ကြပေသည်။ အကြောင်းသော်ကား ယင်းမိန်းမနှစ်ဦး အနက်မှတယောက် သည် မေ့လျော့ခဲ့ပါမူ ယင်းမိန်းမနှစ်ယောက်အနက် တစ်ယောက်သည် ကျန်မိန်းမတစ်ယောက်ကို သတိရစေနိုင်ခြင်း ကြောင့်တည်း။ ထိုနည်းနှင်နှင် သက်သေများသည်လည်း ယင်းသူတို့အား (သက်သေခံရန်အတွက်သော်လည်းကောင်း၊ သက်သေအဖြစ် ပါဝင်ရန်အတွက်သော်လည်းကောင်း) ဖိတ်ခေါ် သောအခါဝယ်မငြင်းပယ်ကြရပေ။ ထို့ပြင်တဝ အသင်တို့သည် ကြွေးမြီကိစ္စကိုသေးငယ်သည်ဖြစ်စေ၊ ကြီးကျယ်သည်ဖြစ်စေ၊ ချိန်းချက်ထားသော အချိန်ကာလအထိ ရေးသားရသည့်အတွက် မငြီးငွေ့ကြကုန်လင့်။ ဤ(ကဲ့သို့ ရေးသားခြင်း)ကား အလ္လာအရှင်မြတ်အထံတော်၌ အသင်တို့အဘို့အရာသာ၍ တရားမျှတသောနည်းလမ်းဖြစ်၏။ (4င်းပြင်) သက်သေခံရန်အတွက် ပိုမို၍ခိုင်လုံသေချာသော နည်းဖြစ်၏။ (4င်းပြင်) အသင်တို့ ဒွိဟသံသယ ကင်းစေ ခြင်းငှာ ပိုမို၍သင့်လျော်သောအချက်လည်းဖြစ်၏။ သို့ရာတွင် (အရောင်းအဝယ်ပြုလုပ်သော ပစ္စည်း သည်ရှေ့မှောက်တွင်) အရန်သင့်ရှိ၍ လက်ချင်းပြောင်းလွှဲ ဖလှယ်ကြလေသော အရောင်းအဝယ်မျိုး ဖြစ်သဖြင့် (စာချုပ်စာတမ်း)ရေးသားခြင်းကို မပြုခဲ့ပါမူ အသင်တို့၌တစုံတရာမျှအပြစ်မရှိချေ။သို့ပင်တစေ (ယင်းကဲ့သို့ ပစ္စည်းနှင့်ငွေ လက်ငင်းပေးဆပ်သော) ရောင်းဝယ်ခြင်းပြုလုပ်သော အချိန်အခါမျိုး၌လည်း သက်သေများထားရှိကြကုန်။ 4င်းပြင် မည်သည့်စာရေးသူနှင့် မည်သည့်သက်သေ ကိုမျှ နစ်နာဆုံးရှုံးစေခြင်းကိုလည်းမပြုအပ်ပေ။ အကယ်၍သာ အသင်တို့သည် ယင်း(ဆုံးရှုံးနစ်နာစေခြင်း) ကို ပြုလုပ်ကြပါမူ ထိုပြုမူချက်ကား အသင်တို့၌ အပြစ်တစ်ရပ်ပင်ဖြစ်၏။ ထိုမှတပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ အား (ယင်းကဲ့သို့ အကျိုးဖြစ်ထွန်းစေသော နည်းစံနစ်တို့ကို မိမိ၏ကျေးဇူးတော်ဖြင့်)သင်ကြား ပြသ၍ ပေးသနားတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် အရာ ခပ်သိမ်းတို့ကိုအြွကင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အို- အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အချင်းချင်း အချိန်ကာလတစ်ခုအထိ သတ်မှတ်ပြီး* အ‌ကြွေးနှင့်‌ရောင်းဝယ်ကြသည့်အခါ ိုကိစ္စကို(စာရွက်စာတမ်းနှင့်) ‌ရေးမှတ်ထားကြပါ။ ထို့‌နောက် စာ‌ရေးတစ်ဦးသည် အသင်တို့ကြား၌ မျှတစွာ ‌ရေးသား‌ပေးရမည်။ ထို့ပြင် စာ‌ရေးတစ်ဦးသည် သူ့အား အရှင်မြတ် သင်‌ပေးထားသည့်အတိုင်း ‌ရေးသား‌ပေးခြင်းကို မငြင်းပယ်ရ‌ပေ။ ထို့‌ကြောင့် စာ‌ရေးသည် ‌ရေးသား‌ပေးရမည်။ ထို့ပြင် (‌ကြွေးဆပ်ရန်)တာဝန်ရှိသူကလည်း ‌ပြောပြ ‌ရေးသား‌စေရမည်။ ထို့‌နောက် (‌ရေးသားခိုင်းသည့်အခါတွင်) သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူသည့် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ပြီး တာဝန်ရှိသည့် (အ‌ကြွေးပမာဏ)ထဲမှ မည်သည့်အရာမျှ ‌လျှော့‌ပေါ့(‌ရေးခိုင်းခြင်း) မပြုရ‌ပေ။ ထို့ပြင် အကယ်၍ (‌ကြွေးဆပ်ရန်)တာဝန်ရှိသူသည် အသိဉာဏ်နည်းသူဖြစ်လျှင် သို့မဟုတ် ‌ရေးခိုင်းရန် မစွမ်း‌ဆောင်နိုင်လျှင် သူ၏အုပ်ထိန်းသူက မျှတစွာ ‌ရေးခိုင်း‌စေရမည်။ ထို့ပြင် အသင်တို့သည် အသင်တို့ ‌ယောက်ျားများထဲမှ သက်‌သေနှစ်ဦးကို ထားကြပါ။ ထို့ပြင် အကယ်၍ ထိုသက်‌သေနှစ်ဦးသည် ‌ယောက်ျားနှစ်ဦးမဖြစ်ကြလျှင် အသင်တို့ နှစ်သက်သည့်သက်‌သေများထဲမှ ‌ယောက်ျားတစ်ဦးနှင့် မိန်းမနှစ်ဦးဖြစ်ရမည်။* အ‌ကြောင်းမှာမူ ထိုမိန်းမနှစ်ဦးထဲမှ တစ်‌ယောက်‌မေ့‌လျော့လျှင် ကျန်တစ်‌ယောက်က ထိုတစ်‌ယောက်ကို သတိ‌ပေးနိုင်ရန်အတွက်ဖြစ်သည်။ ၎င်းပြင် သက်‌သေများသည်လည်း သူတို့အား ဖိတ်‌ခေါ်ခြင်းခံရသည့်အခါ မငြင်းပယ်ရ‌ပေ။* ထို့ပြင် အသင်တို့သည် အ‌ကြွေးကိစ္စကို ‌သေးသည်ဖြစ်‌စေ၊ ကြီးသည်ဖြစ်‌စေ သတ်မှတ်ကာလအထိ အသင်တို့‌ရေးရန် မပျင်းရိကြနှင့်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံမှ အသင်တို့အတွက် ပိုမိုမျှတသည့်နည်းလမ်းဖြစ်ပြီး သက်‌သေခံရန် ပိုမိုခိုင်လုံသည့်နည်းဖြစ်သည်။ ထို့ပြင် အသင်တို့အတွက် သံသယကင်းရန် အနီးစပ်ဆုံးနည်းလမ်းလည်းဖြစ်သည်။ သို့ရာတွင် အ‌ရောင်းအဝယ်သည် အသင်တို့၏ကြားတွင် လက်ငင်း အလဲအလှယ်ပြုလုပ်ကြသည့် အ‌ရောင်းအဝယ်ဖြစ်လျှင် ‌ရေးသားခြင်းမပြုလျှင်လည်း အသင်တို့‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။* ထို့ပြင် လက်ငင်းအ‌ရောင်းအဝယ်လုပ်သည့်အခါတွင်လည်း သက်‌သေများထားကြပါ။ ထို့ပြင် မည်သည့်စာ‌ရေးနှင့် မည်သည့်သက်‌သေကိုမျှ နစ်နာ‌အောင် မလုပ်ရ‌ပေ။* ထို့ပြင် အကယ်၍ အသင်တို့သည် ထို(နစ်နာ‌စေခြင်း)အရာကို ပြုလုပ်ကြလျှင် ထိုအရာသည် အသင်တို့အတွက် အပြစ်တစ်ခုဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ကို သင်ကြားပြသ‌ပေး‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek