Quran with Burmese translation - Surah Al-Baqarah ayat 283 - البَقَرَة - Page - Juz 3
﴿۞ وَإِن كُنتُمۡ عَلَىٰ سَفَرٖ وَلَمۡ تَجِدُواْ كَاتِبٗا فَرِهَٰنٞ مَّقۡبُوضَةٞۖ فَإِنۡ أَمِنَ بَعۡضُكُم بَعۡضٗا فَلۡيُؤَدِّ ٱلَّذِي ٱؤۡتُمِنَ أَمَٰنَتَهُۥ وَلۡيَتَّقِ ٱللَّهَ رَبَّهُۥۗ وَلَا تَكۡتُمُواْ ٱلشَّهَٰدَةَۚ وَمَن يَكۡتُمۡهَا فَإِنَّهُۥٓ ءَاثِمٞ قَلۡبُهُۥۗ وَٱللَّهُ بِمَا تَعۡمَلُونَ عَلِيمٞ ﴾
[البَقَرَة: 283]
﴿وإن كنتم على سفر ولم تجدوا كاتبا فرهان مقبوضة فإن أمن بعضكم﴾ [البَقَرَة: 283]
Ba Sein ၂၈၃။ သင်တို့သည် ခရီးလမ်းတွင်ဖြစ်၍ စာရေးသူမရနိုင်လျှင် လက်ရောက် အပေါင်ပစ္စည်းပေးထားကြ လော့။ သင်တို့အနက် တစ်ဦးတစ်ယောက်က အခြားသူတစ်ဦးအား ဥစ္စာပစ္စည်း အပ်နှံထားလျှင် ပစ္စည်းအပ်နှံခြင်းခံရသူက ပစ္စည်းအပ်သူအား မိမိတို့ ပဋိညာဉ်အတိုင်း အပ်နှံထားသော ပစ္စည်း များကို ပြန်ပေးရမည်။ ထိုသူသည် အရှင်မြတ်၏ ပညတ်တော်ကို နာခံရိုသေရမည်။ သက်သေခံ အချက်အလက်များကို မဖုံးကွယ်ကြလင့်။ အကြင်သူသည် သက်သေသာဓကကို ထိန်ဝှက်ထားလျှင် ထိုသူ၏ စိတ်နှလုံးသည် မုချဧကန်အပြစ်ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim တဖန် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုကို ပြုလုပ်ကြရာ၌ စာချုပ်စာတမ်း ရေးသားရန်အတွက်) ရေးမှတ်သူ တစ်ဦးမျှကိုပင်မရရှိခဲ့ပါမူ ထိုအခါ (မြီစားသည် မြီရှင်အား) အပေါင်အနှံ ဝတ္တုပစ္စည်းများကို (ယုံကြည်စိတ်ချရန်အတွက်) လက်ရောက်ပေးထားရမည်။ သို့ရာတွင် အကယ်၍ အသင်တို့အနက် တစ်ဦးသည်တစ်ဦးကို ယုံကြည်စိတ်ချ(၍ ပစ္စည်းပေါင်နှံရန်မလိုခဲ့)ပါလျှင် ယုံကြည်စိတ်ချခြင်းခံရသော (မြီစား)သည် မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေးစားလျက် ထို (ယုံကြည်စိတ်ချသောမြီရှင်) ၏ကြွေးမြီကို ပြေလည်အောင် ပေးဆပ်ရမည်။4င်းပြင် အသင်တို့သည် သိမြင်သမျှတို့ကို (သက်သေမခံပဲ) ထိမ်ချန်လျှို့ဝှက်ခြင်း မပြုကြ ကုန်လင့်။ အမှန်သော်ကား အကြင်သူသည် ယင်း သိမြင်သမျှကို ထိမ်ချန်လျှို့ဝှက်အံ့ ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုဒုစရိုက်ကို ကျူးလွန်သော သူ၏စိတ်နှလုံးဖြစ်အံ့။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သော ကိစ္စအရပ်ရပ်တို့ကို အြွကင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ ချေသတည်း။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုအတွက်) စာရေးတစ်ဦးမျှ မရှိလျှင် (စိတ်ချရရန်) အာမခံပစ္စည်း တစ်စုံတစ်ခုထားခဲ့ရမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး စိတ်ချခဲ့ကြလျှင် ယုံကြည်စိတ်ချခြင်းခံရသည့် (အကြွေးယူ)သူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသည့် အလ္လာဟ်အရှင်မြတ်အား ကြောက်ပြီး (အကြွေးပေး)သူ၏အကြွေးကို ပေးဆပ်ရမည်။ ၎င်းပြင် အသင်တို့သည် သိမြင်သမျှကို မထိမ်ချန်ကြနှင့်။ ထို့ပြင် အကြင်သူသည် တွေ့မြင်သမျှကို ထိမ်ချန်မည်ဆိုလျှင် ထိုသူ၏စိတ်နှလုံးသည်* ပြစ်မှုကျူးလွန်သူ၏ စိတ်နှလုံးဖြစ်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |