Quran with Burmese translation - Surah Al-Baqarah ayat 78 - البَقَرَة - Page - Juz 1
﴿وَمِنۡهُمۡ أُمِّيُّونَ لَا يَعۡلَمُونَ ٱلۡكِتَٰبَ إِلَّآ أَمَانِيَّ وَإِنۡ هُمۡ إِلَّا يَظُنُّونَ ﴾
[البَقَرَة: 78]
﴿ومنهم أميون لا يعلمون الكتاب إلا أماني وإن هم إلا يظنون﴾ [البَقَرَة: 78]
Ba Sein ၇၈။ သူတို့အနက် စာမတတ်သူများရှိကြ၏။ ထိုသူတို့သည် ကျမ်းတော်ကို သူများထံမှတဆင့် ကြားနာရပြီး လျှင် ထင်သလို ရမ်းဆပြောဆိုကြ၏။ |
Ghazi Mohammad Hashim ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။ |
Hashim Tin Myint ထို့ပြင် ထို(ယဟူဒီများ)ထဲတွင် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်းရှိကြသည်။ ထိုသူများသည် လုပ်ကြံပြောဆိုထားသော သတင်းစကားများမှလွဲ၍* ကျမ်းဂန်ကို မသိနားမလည်ကြပေ။ ထို့ပြင် သူတို့သည် ထင်မြင်ယူဆနေကြသည်မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ |