Quran with Burmese translation - Surah Al-Baqarah ayat 99 - البَقَرَة - Page - Juz 1
﴿وَلَقَدۡ أَنزَلۡنَآ إِلَيۡكَ ءَايَٰتِۭ بَيِّنَٰتٖۖ وَمَا يَكۡفُرُ بِهَآ إِلَّا ٱلۡفَٰسِقُونَ ﴾
[البَقَرَة: 99]
﴿ولقد أنـزلنا إليك آيات بينات وما يكفر بها إلا الفاسقون﴾ [البَقَرَة: 99]
Ba Sein ၉၉။ အေ - တမန်တော်၊ ငါသည် သင့်အား အလွန်ထင်ရှားပေါ်လွင်သော ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်ပင်ထုတ်ပြန်ချပေးသနားတော်မူပြီး မိစ္ဆာဒိဋ္ဌိတို့သာ ဤကျမ်းတော်မြတ်ကို မယုံမကြည်ပဲ ရှိကြမည်။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို အမိန့်တော်မနာခံသော သူယုတ်မာများမှအပ မည်သူတစ်စုံတစ်ယောက်မျှ ထွက်ပြူငြင်းပယ်မည် မဟုတ်ချေ။ |
Hashim Tin Myint ထို့ပြင် အမှန်တကယ် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏ထံသို့ ထင်ရှားသည့် သက်သေလက္ခဏာများကို ချပေးခဲ့ပြီးဖြစ်သည်။ ထိုသက်သေလက္ခဏာတော်များကို အမိန့်နာမခံသူများမှလွဲ၍ မည်သူမျှ မငြင်းပယ်ကြပေ။ |