×

(သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်အား ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံးသည် 20:116 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:116) ayat 116 in Burmese

20:116 Surah Ta-Ha ayat 116 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 116 - طه - Page - Juz 16

﴿وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ ﴾
[طه: 116]

(သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်အား ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံးသည် ဦးချကြ၏။ စေတန် မိစ္ဆာကောင်မူကား (ဦးချခြင်းမပြုဘဲ အမိန့်တော်ကို) သွေဖည်ငြင်းပယ်ခဲ့လေ၏။

❮ Previous Next ❯

ترجمة: وإذ قلنا للملائكة اسجدوا لآدم فسجدوا إلا إبليس أبى, باللغة البورمية

﴿وإذ قلنا للملائكة اسجدوا لآدم فسجدوا إلا إبليس أبى﴾ [طه: 116]

Ba Sein
၁၁၆။ ငါအရှင်မြတ်သည် ကောင်းကင်တမန်တော်တို့အား သင်တို့သည် အာဒမ်ရှေ့တွင် ဝပ်တွားဦးညွတ်ချကြလော့ဟု ဗျာဒိတ်ချတော်မူသောအခါ အီဗလစ်မှတပါး တမန်တော်အားလုံးသည် ဦးညွတ်ကြ၏၊ အီဗလစ်သည် ငြင်းဆန်၏။
Ghazi Mohammad Hashim
(ပြန်လည်အောက်မေ့ သတိရကြလေကုန်)။တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်များအား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် စစ်ဂျဒဟ်ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတပါး ကောင်းကင်တမန် အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်မှာမူကား (ပျပ်ဝပ်ဦးချခြင်းမပြုဘဲအမိန့်တော်ကို) သွေဖည် ငြင်းပယ်ခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား အသင်တို့သည် (တမန်‌တော်)အာဒမ်၏‌ရှေ့၌ စဂျ်ဒဟ်ဦးချကြပါဟု မိန့်ကြား‌တော်မူသည့်အခါ အိဗ်လီစ်မှလွဲ၍ အားလုံးသည် ဦးချခဲ့ကြသည်။ သူကမူ ဖီဆန်ငြင်းဆိုခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek