×

ငါအရှင်မြတ်သည် သူတို့မတိုင်မီ သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာ လှုပ်ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့မည်မျှအား တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) က 20:128 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:128) ayat 128 in Burmese

20:128 Surah Ta-Ha ayat 128 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 128 - طه - Page - Juz 16

﴿أَفَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ ﴾
[طه: 128]

ငါအရှင်မြတ်သည် သူတို့မတိုင်မီ သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာ လှုပ်ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့မည်မျှအား တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) က သူတို့အား (တရားလမ်းမှန်ရစေရန်) မညွှန်ပြလေသလော။ ဧကန်စင်စစ်၊ ထိုသို့ဖြစ် ပျက်ခဲ့ခြင်း၌ ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်မြော်မြင် နားလည်နိုင်စွမ်းသော ပညာရှင်များအတွက် (ထင်ရှားသော) အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: أفلم يهد لهم كم أهلكنا قبلهم من القرون يمشون في مساكنهم إن, باللغة البورمية

﴿أفلم يهد لهم كم أهلكنا قبلهم من القرون يمشون في مساكنهم إن﴾ [طه: 128]

Ba Sein
၁၂၈။ ကျမ်းမြတ်ကုရ်အာန်သည် သူတို့အား ၎င်းတို့ထက်ရှေးကျသောလူမျိုးအဆက်များစွာကို သုတ်သင်ရှင်းလင်းပြီး လေကြောင်းကို ညွှန်ပြသောကျမ်းတော်မဟုတ်လော၊ သူတို့သည် ရှေးလူဟောင်းများ၏ မြို့ရွာနယ်ပယ်ကို ဖြတ်သန်းသွားလာနေကြ၏၊ မှတ်သားကြလော့၊ ဤအခြင်းအရာ၌ စဉ်းစားဆင်ခြင်တတ်သူတို့အဖို့အရာ နိမိတ် လက္ခဏာအ့ံဖွယ်တော်များပါရှိ၏။
Ghazi Mohammad Hashim
အသို့ပါနည်း၊ ငါအရှင်မြတ်သည် ၎င်းတို့ အလျင်များစွာသောရှေးလူဟောင်းတို့ကို ပျက်စီး စေတော်မူခဲ့ခြင်းသည်၎င်းတို့အား တရားလမ်းမှန်ကို မရစေခဲ့လေသလော။ ၎င်းတို့သည် ထိုရှေးလူဟောင်းများ၏ နေထိုင်ရာနေရာများတွင်သွားလာလှုပ်ရှားလျက် ရှိကြပေသည်။ ဧကန်စင်စစ် ဤသည်၌ ဆင်ခြင်တုံတရားရှိသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိကုန်၏။
Hashim Tin Myint
ငါအရှင်မြတ်သည် သူတို့မတိုင်မီက လူအ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့ခြင်းသည် သူတို့အတွက် တရားလမ်းမှန်ကို မရရှိ‌စေခဲ့သ‌လော။ သူတို့သည် ယခင်ကလူများ၏ ‌နေထိုင်ရာ‌ဒေသများတွင် သွားလာ‌နေကြသည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek