Quran with Burmese translation - Surah Ta-Ha ayat 132 - طه - Page - Juz 16
﴿وَأۡمُرۡ أَهۡلَكَ بِٱلصَّلَوٰةِ وَٱصۡطَبِرۡ عَلَيۡهَاۖ لَا نَسۡـَٔلُكَ رِزۡقٗاۖ نَّحۡنُ نَرۡزُقُكَۗ وَٱلۡعَٰقِبَةُ لِلتَّقۡوَىٰ ﴾
[طه: 132]
﴿وأمر أهلك بالصلاة واصطبر عليها لا نسألك رزقا نحن نرزقك والعاقبة للتقوى﴾ [طه: 132]
Ba Sein ၁၃၂။ ထို့အပြင်သင်သည် မိမိလူများကို ဆွလားသ်ဝတ်ပြုရန် ဆင့်ဆိုလော့၊ ထိုဝတ်၌ တည်ကြည်ခိုင်မြဲလော့၊ ငါ သည် သင့်ထံမှ ရိက္ခာတောင်းတော်မမူချေ၊ ငါကသာလျှင် သင်တို့ကို ရိက္ခာပေးသနားတော်မူ၏၊ ဤဆုတော် သည် သူတော်ကောင်းတို့အဖို့သာလျှင်ဖြစ်သည်။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည် မြဲမြံစွာရှိပါလေ။ ငါအရှင်မြတ်သည် အသင့် ထံတွင် စားနပ်ရိက္ခာကို တောင်းခံတော်မူမည် မဟုတ်ပေ။ (အမှန်မှာ) ငါအရှင်မြတ်သည်သာလျှင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ်နောက်ဆုံးအကျိုးဆက်သည် သူတော်စင်တို့အဖို့သာ ဖြစ်သည်။ |
Hashim Tin Myint ထို့ပြင် အသင်(တမန်တော်)သည် အသင်၏အိမ်သူအိမ်သားများအား စွလာသ်ဝတ်ပြုရန် အမိန့်ပေးနေပါ။* ထို့ပြင် အသင်ကိုယ်တိုင်လည်း ထိုစွလာသ်ဝတ်ပြုမှုအပေါ်တွင် စွဲမြဲစွာ ရပ်တည်ပါ။ ငါအရှင်မြတ်သည် အသင်၏ထံ စားနပ်ရိက္ခာတောင်းခံတော်မူမည် မဟုတ်ပေ။ ငါအရှင်မြတ်ကပင် အသင့်အား ရိက္ခာပေးသနားတော်မူသည်။ ထို့ပြင် နောက်ဆုံးအကျိုးဆက်သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက်ပင် ဖြစ်သည်။ |