×

ထို့ပြင် ငါအရှင်မြတ်က (မယုံကြည်သူများအပါအဝင် လူသားများဖြစ်ကြသော) သူတို့အနက်မှ ထိုလောကီဘဝ၌ စမ်းသပ်တော်မူရန်အလို့ငှာ (အကောင်းနှင့်အဆိုး ဆင်းရဲချမ်းသာ စသော) ဆန့်ကျင်ဘက်စုံတွဲများကို လောကီဘဝသက်တမ်း၏ခံ့ညားထည်ဝါမှုအဖြစ် 20:131 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:131) ayat 131 in Burmese

20:131 Surah Ta-Ha ayat 131 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 131 - طه - Page - Juz 16

﴿وَلَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ زَهۡرَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَا لِنَفۡتِنَهُمۡ فِيهِۚ وَرِزۡقُ رَبِّكَ خَيۡرٞ وَأَبۡقَىٰ ﴾
[طه: 131]

ထို့ပြင် ငါအရှင်မြတ်က (မယုံကြည်သူများအပါအဝင် လူသားများဖြစ်ကြသော) သူတို့အနက်မှ ထိုလောကီဘဝ၌ စမ်းသပ်တော်မူရန်အလို့ငှာ (အကောင်းနှင့်အဆိုး ဆင်းရဲချမ်းသာ စသော) ဆန့်ကျင်ဘက်စုံတွဲများကို လောကီဘဝသက်တမ်း၏ခံ့ညားထည်ဝါမှုအဖြစ် ဖြစ်စေတော်မူပြီး ယင်းနှင့်အတူ လောကီအကျိုးခံစားခွင့်များဘက်သို့ အသင် (တမန်တော်) ၏ မျက်စိများကို အားစိုက်၍ မကြည့်မိစေနှင့်။ အမှန်မှာ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ချီးမြှင့်ထောက်ပံ့တော်မူထားသော) စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များဆိုင်ရာ နိယာမတရားများ) သည်သာလျှင် ကောင်းမြတ်ဆုံးနှင့်အတည်တံ့ အမြဲမြံဆုံးပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ولا تمدن عينيك إلى ما متعنا به أزواجا منهم زهرة الحياة الدنيا, باللغة البورمية

﴿ولا تمدن عينيك إلى ما متعنا به أزواجا منهم زهرة الحياة الدنيا﴾ [طه: 131]

Ba Sein
၁၃၁။ ထို့အပြင်သူတို့အနက် အချို့သောဇနီးမောင်နှံတို့အား ပေးသနားတော်မူသောလောကစည်းစိမ်တို့ကို သင်သည် မျက်စိမျက်စောင်းမျှငဲ့စောင်း၍ မကြည့်လင့်၊ အမှန်မှာငါသည် ထိုသူတို့အား ထိုစည်းစိမ်ချမ်းသာနှင့်စုံစမ်းတော် မူ၏။ သင်၏အရှင်သခင်၏ စည်းစိမ်ဥစ္စာတော်သည် သာလွန်မြင့်မြတ်၏၊ သာလွန်တည်တန့်၏။
Ghazi Mohammad Hashim
ထို့ပြင် အသင်သည် ငါအရှင်မြတ်က ယင်း (ကာဖိရ်မိစ္ဆာဝါဒီ)တို့အနက် လူတန်းစားအမျိုးမျိုးတို့အား အကျိုးခံစားစေတော်မူခဲ့သော ဥစ္စာပစ္စည်းကို မိမိမျက်စိအစုံဖြင့် မော်၍မျှ မကြည့်ပါလေနှင့်။ (အမှန်သော်ကား) ငါအရှင်မြတ်သည်ယင်းဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းတို့အား စမ်းသပ်တော်မူရန်သာလျှင်(အကျိုးခံစားစေတော်မူခြင်းပင်)ဖြစ်ချေသည်။စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ချီးမြှင့်တော်မူသော)စားနပ်ရိက္ခာသည်သာလျှင် အကောင်းဆုံး၊ ထို့အပြင် အကြာရှည်ဆုံး အတည်မြဲဆုံးဖြစ်ပေသည်။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)သည် ငါအရှင်မြတ်က ထို(ကာဖိရ်)များထဲမှ လူအမျိုးမျိုးကို ‌လောကီဘဝ၏ ခမ်းနားထည်ဝါမှုအဖြစ် အကျိုးခံစား‌စေ‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများဘက်သို့ အသင်၏မျက်စိနှစ်လုံးဖြင့် လုံးဝ ‌မော်၍ပင် မကြည့်ပါနှင့်။ ငါအရှင်မြတ်သည် ထိုအရာများနှင့် သူတို့အား စမ်းသပ်‌တော်မူရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင့် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ စားနပ်ရိက္ခာသည် အ‌ကောင်းဆုံးနှင့် အတည်မြဲဆုံးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek