×

ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ကမ္ဘာဂြိုဟ်ကို ပုခက် (အခင်းအကျင်း) ဖြစ်စေတော်မူပြီး ယင်းထဲ၌ သင်တို့အတွက် (အသက်ရှင်ရပ်တည်နိုင်မည့် နည်းစနစ်များနှင့်) လမ်းစဉ်များကိုလည်း ထည့်သွင်းထားတော်မူ၏။ 20:53 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:53) ayat 53 in Burmese

20:53 Surah Ta-Ha ayat 53 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 53 - طه - Page - Juz 16

﴿ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَسَلَكَ لَكُمۡ فِيهَا سُبُلٗا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦٓ أَزۡوَٰجٗا مِّن نَّبَاتٖ شَتَّىٰ ﴾
[طه: 53]

ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ကမ္ဘာဂြိုဟ်ကို ပုခက် (အခင်းအကျင်း) ဖြစ်စေတော်မူပြီး ယင်းထဲ၌ သင်တို့အတွက် (အသက်ရှင်ရပ်တည်နိုင်မည့် နည်းစနစ်များနှင့်) လမ်းစဉ်များကိုလည်း ထည့်သွင်းထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူလျက် ထိုရေဖြင့် (အရောင်အဆင်းအနံ့အရသာမျိုးစုံရှိပြီး) အမျိုးမျိုးကွဲပြား ခြားနားသော သဘာဝပေါက်ပင်များ၊ သစ်သီးဝလံများနှင့်ကောက်ပဲသီးနှံများကိုလည်း ဆန့်ကျင်ဘက်စုံတွဲကိုယ်စီဖြင့် ပေါက်ရောက် ထွက်ပေါ်စေတော်မူ၏။

❮ Previous Next ❯

ترجمة: الذي جعل لكم الأرض مهدا وسلك لكم فيها سبلا وأنـزل من السماء, باللغة البورمية

﴿الذي جعل لكم الأرض مهدا وسلك لكم فيها سبلا وأنـزل من السماء﴾ [طه: 53]

Ba Sein
၅၃။ အရှင်မြတ်သည် မဟာပထဝီမြေကြီးကို အိပ်ရာအဖြစ်ဖြင့် ခင်းထားတော်မူ၏။ ထိုမြေပေါ်တွင် သင်တို့သွားလာ ဖို့ရာ လမ်းများကို စီရင်ထားတော်မူ၏။ ထို့အပြင်အထက်ကောင်းကင်ဘုံမှ မိုးရေကို ရွာသွန်းစေတော်မူ၏။ ထိုမိုးရေအားဖြင့် ငါအရှင်မြတ်သည် သီးပင်၊ ပွင့်ပင်၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို ပေါက်ရောက်စေတော်မူ၏။
Ghazi Mohammad Hashim
(ထိုအရှင်မြတ်သည်)အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည်ပင် ပထဝီမြေကို အခင်းအကျင်း ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ယင်းပထဝီမြေ၌အသင်တို့အဖို့ လမ်းများကိုလည်း ပြုလုပ်တော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခဲ့၏။ ထို့နောက် ငါအရှင် မြတ်သည်ပင် ထိုရေဖြင့်(အနံ့အရသာ)ကွဲပြားခြားနားသော ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့ကို ပေါက်ရောက်စေတော်မူခဲ့၏။
Hashim Tin Myint
ထိုအရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့၍ ၎င်းထဲတွင် လမ်းများ ‌ဖောက်လုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် မိုး‌ကောင်းကင်မှ မိုး‌ရေကို သွန်‌လောင်းချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် (အနံ့အရသာ) အမျိုးမျိုးကွဲပြား‌သော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek