Quran with Burmese translation - Surah Ta-Ha ayat 52 - طه - Page - Juz 16
﴿قَالَ عِلۡمُهَا عِندَ رَبِّي فِي كِتَٰبٖۖ لَّا يَضِلُّ رَبِّي وَلَا يَنسَى ﴾
[طه: 52]
﴿قال علمها عند ربي في كتاب لا يضل ربي ولا ينسى﴾ [طه: 52]
Ba Sein ၅၂။ မူစာကလည်း ထိုအကြောင်းအရာကို အကျွနု်ပ်၏အရှင်သခင်သာလျှင် သိတော်မူ၏။ ထိုအကြောင်းအရာကို အရှင်မြတ်အထံတော်၌ မှတ်ပုံတင်ထားတော်မူ၏။ အကျွနု်ပ်၏ ကျေးဇူးတော်သခင်သည် ဘယ်သောအခါမှ မှားယွင်းတော်မမူချေ၊ မေ့လျော့တော်မမူချေ။ |
Ghazi Mohammad Hashim မူစာသည် (ဤသို့)ပြောကြားခဲ့၏။ ထိုရှေးဟောင်း မျိုးနွယ်တို့နှင့် ပတ်သက်သောအသိကား ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် မှတ်တမ်းစာအုပ်၌ရှိပေသည်။ (အမှန်စင်စစ်) ကျွန်ုပ်၏ အရှင်မြတ်သည် မှောက်မှားတော်မူသည်လည်း မဟုတ်ပေ။ မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။ |
Hashim Tin Myint ၎င်း(တမန်တော် မူစာ)က ပြောသည်- သူတို့နှင့်ပတ်သက်သည့်အသိကမူ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင်ရှိသော မှတ်တမ်းစာအုပ်၌ ရှိသည်။ ကျွန်ုပ်၏အရှင်မြတ်သည် မှားသည်လည်းမရှိပေ၊ မေ့သည်လည်းမရှိပေ။ |