Quran with Burmese translation - Surah Ta-Ha ayat 61 - طه - Page - Juz 16
﴿قَالَ لَهُم مُّوسَىٰ وَيۡلَكُمۡ لَا تَفۡتَرُواْ عَلَى ٱللَّهِ كَذِبٗا فَيُسۡحِتَكُم بِعَذَابٖۖ وَقَدۡ خَابَ مَنِ ٱفۡتَرَىٰ ﴾
[طه: 61]
﴿قال لهم موسى ويلكم لا تفتروا على الله كذبا فيسحتكم بعذاب وقد﴾ [طه: 61]
Ba Sein ၆၁။ ထိုအခါတမန်တော်မူစာက ဟယ်-အချင်းတို့၊ သင်တို့ပူဆွေးကြရလတ္တံ့၊ အရှင်မြတ်သည် သင်တို့အား အပြစ်ဒဏ် တစ်ခုခုနှင့် သုတ်သင်ရှင်းလင်းပစ်တော်မမူခြင်းငှာ သင်တို့သည် အရှင်မြတ်အား မုသားစွပ်စွဲပြောဆိုခြင်းကို မဖန်တီးကြနှင့်၊ မုသားစကားဆိုသူသည် အကြီးအကျယ်ဆုံးရှုံးရာတည်းဟု ဟောကြား၏။ |
Ghazi Mohammad Hashim (ထိုအခါ) မူစာက ယင်းပဉ္စလက်ဆရာတို့အား(ဤသို့) ပြောကြားခဲ့လေသည်။ အသင်တို့ အကျိုး ယုတ်ပါစေ။အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲခြင်း မပြုကြကုန်လင့်။ သို့ပြုခဲ့ကြပါလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်ပေးတော်မူခြင်းအားဖြင့် လုံးဝပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကားလီဆယ်ဖန်တီး သူသည် မျှော်လင့်သည့်အတိုင်း မအောင်မြင်သောသူသာလျှင်ဖြစ်မည်ဟု ပြောကြားခဲ့လေသည်။ |
Hashim Tin Myint (တမန်တော်)မူစာက ထိုမှော်ဆရာများကို ပြောဆိုသည်- အသင်တို့ အကျိုးယုတ်ပါစေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မုသားလုပ်ကြံ မစွပ်စွဲကြနှင့်။ သို့ဖြစ်လျှင် အရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်နှင့် ဖျက်ဆီးတော်မူလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် လုပ်ကြံစွပ်စွဲသူသည် အမှန်ပင် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ |