×

(သို့ဖြစ်ပေရာ) အသင်သည် အသင့်ညာလက်၌ရှိသောအရာ (တောင်ဝှေး) ကို ပစ်ချလော့။ ယင်း (တောင်ဝှေး) သည် သူတို့ ကြံစည်ဖန်တီး၍ သရုပ်ဖော်ထားသမျှကို 20:69 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:69) ayat 69 in Burmese

20:69 Surah Ta-Ha ayat 69 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 69 - طه - Page - Juz 16

﴿وَأَلۡقِ مَا فِي يَمِينِكَ تَلۡقَفۡ مَا صَنَعُوٓاْۖ إِنَّمَا صَنَعُواْ كَيۡدُ سَٰحِرٖۖ وَلَا يُفۡلِحُ ٱلسَّاحِرُ حَيۡثُ أَتَىٰ ﴾
[طه: 69]

(သို့ဖြစ်ပေရာ) အသင်သည် အသင့်ညာလက်၌ရှိသောအရာ (တောင်ဝှေး) ကို ပစ်ချလော့။ ယင်း (တောင်ဝှေး) သည် သူတို့ ကြံစည်ဖန်တီး၍ သရုပ်ဖော်ထားသမျှကို ဝါးမျိုလိမ့်မည်။ စင်စစ် သူတို့ကြံစည်ဖန် တီး၍ သရုပ်ဖော်ထားသမျှသည် မှော်အတတ်ပညာ၏ပရိယာယ်လှည့်ဖြားမှု မျှသာဖြစ်၏။ အမှန်စင်စစ် မှော်ပယောဂ ဆရာတစ်ဦးသည် မည်သည့်နေရာသို့ (မည်သည့်ရည်မှန်းချက်ဖြင့် ရုန်းကန်) သွားလာစေကာမူ သူသည် မည်သည့်အခါမျှ ပေါက်မြောက်အောင်မြင်လိမ့်မည် မဟုတ်ချေ။

❮ Previous Next ❯

ترجمة: وألق ما في يمينك تلقف ما صنعوا إنما صنعوا كيد ساحر ولا, باللغة البورمية

﴿وألق ما في يمينك تلقف ما صنعوا إنما صنعوا كيد ساحر ولا﴾ [طه: 69]

Ba Sein
၆၉။ သင်၏လက်ျာလက်တွင်းရှိသောအရာကို ပစ်ချလော့၊ ထိုအရာသည် သူတို့ဖန်တီးသမျှကို မျိုပစ်လိမ့်မည်၊ မှတ်သားလော့၊ သူတို့ဖန်တီးသောအရာသည် မှော်ဆရာတို့၏ ဥပါယ်တမည်သာဖြစ်သည်။ မှော်ဆရာသည် မိမိအတတ်ပညာတွင် မည်မျှပင်တတ်မြောက်ငြားသော်လည်း သူတို့သည် မအောင်မြင်နိုင်ချေဟု ဗျာဒိတ်ပေး တော်မူ၏။
Ghazi Mohammad Hashim
၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။
Hashim Tin Myint
ထို့ပြင် အသင်သည် အသင်၏လက်ယာလက်ထဲမှအရာ(‌တောင်‌ဝှေး)ကို ပစ်ချလိုက်ပါ။ ထိုအရာက ‌မှော်ဆရာများ ကြံစည်ပြုလုပ်ထားသည့်အရာများအား ဝါးမျိုလိမ့်မည်။ အမှန်စင်စစ် သူတို့ ကြံစည်ပြုလုပ်ခြင်းဟူသမျှသည် ‌မှော်ဆရာ၏လှည့်ကွက်ပင်ဖြစ်သည်။ ထို့ပြင် ‌မှော်ဆရာသည် အဘယ်မှပင် လာသည်ဖြစ်‌စေ ‌အောင်မြင်မည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek