×

(သို့ဖြစ်ပေရာ တမန်တော်မူဆာက စာမိရီအား) “အသင်သည် (ဤနေရာမှ) ထွက်သွားလော့။ ဧကန်အမှန်၊ သင့်အတွက် ဤလောကီဘဝသက်တမ်း၌ (ခံစားစေမည့် ပြစ်ဒဏ်သည်ကား လူမှုရေးအရ 20:97 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:97) ayat 97 in Burmese

20:97 Surah Ta-Ha ayat 97 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 97 - طه - Page - Juz 16

﴿قَالَ فَٱذۡهَبۡ فَإِنَّ لَكَ فِي ٱلۡحَيَوٰةِ أَن تَقُولَ لَا مِسَاسَۖ وَإِنَّ لَكَ مَوۡعِدٗا لَّن تُخۡلَفَهُۥۖ وَٱنظُرۡ إِلَىٰٓ إِلَٰهِكَ ٱلَّذِي ظَلۡتَ عَلَيۡهِ عَاكِفٗاۖ لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِي ٱلۡيَمِّ نَسۡفًا ﴾
[طه: 97]

(သို့ဖြစ်ပေရာ တမန်တော်မူဆာက စာမိရီအား) “အသင်သည် (ဤနေရာမှ) ထွက်သွားလော့။ ဧကန်အမှန်၊ သင့်အတွက် ဤလောကီဘဝသက်တမ်း၌ (ခံစားစေမည့် ပြစ်ဒဏ်သည်ကား လူမှုရေးအရ သပိတ် မှောက်ခြင်းခံစေရန်ဖြစ်၍ တစ်ဦးတစ်ယောက်က အသင့်အနားသို့ ချဉ်းကပ်လာလျှင် သူတို့ကို) “ကျွန်ုပ်အား မည်သူမျှ မထိရ။” ဟု ပြောဆိုရန်ပင် ဖြစ်ပေသည်။ ထို့ပြင် (နောင်တမလွန်ဘဝ၌လည်း) မည်သည့်နည်းနှင့်မျှ ရှောင်လွှဲနိုင် မည်မဟုတ်သော (ပြစ်ဒဏ်ကို) ဧကန်ပင်၊ သင့်အတွက် ကတိထားတော်မူသည့် ပြဌာန်းချက်တစ်ခုအဖြစ် ရှိစေ၏။ ထို့ပြင် အသင်သည် (စဉ်ဆက်မပြတ် စွဲလမ်းလျက်) နစ်မြုပ်ထားရသည့် သင်၏ကိုးကွယ်ရာများကို ရှုမြင် သုံးသပ်ကြည့်လော့။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ယင်းတို့ကို လောင်ကျွမ်းစေပြီးနောက် အမှန်ပင် အမှုန်များ အဖြစ် ပင်လယ်ရေပြင်ထဲ၌ ဖြန့်ကြဲလျက် ကျန်ရစ်စေတော်မူမည် ဖြစ်၏။

❮ Previous Next ❯

ترجمة: قال فاذهب فإن لك في الحياة أن تقول لا مساس وإن لك, باللغة البورمية

﴿قال فاذهب فإن لك في الحياة أن تقول لا مساس وإن لك﴾ [طه: 97]

Ba Sein
၉၇။ တမန်တော်မူစာသည် ထွက်ခွာသွားလော့၊ မှတ်သားလော့ ဤဘဝတွင် သင်သည် အကျွနု်ပ်ကို မထိနှင့်ဟု ပြောနိုင်၏။ သို့သော်သင်မဖျက်နိုင်သောဂတိသစ္စာတော်သည် သင့်အတွက် အမှန်ပင်ရှိ၏။ သင်ကိုးကွယ်သော သင်၏ဘုရားကို ယခုကြည့်လော့၊ အမှန်ပင်ငါတို့သည် သူ့အား မီးရှို့ပစ်ပြီးလျှင် သူ့ပြာမှုန့်ကို ပင်လယ်ထဲသို့ ပစ်ချမည်ဟု ဆို၏။
Ghazi Mohammad Hashim
(သို့ဖြစ်ပေရာ) ယင်းမူစာက (စာမိရီအားဤသို့)ပြောကြားခဲ့လေ၏။ (အို-စာမိရီ) အသင်သည်ထွက်သွားလော့။ဧကန်အမှန် အသင်၌ ဤဘဝသက်တမ်းတစ်လျှောက်တွင်(ခံစားရမည့်ပြစ်ဒဏ်ကား) အသင်သည် (မိမိအပါးသို့ ချဉ်းကပ်လာသူတို့ကို ကျွန်ုပ်အား မည်သူမျှ) ‘မထိရ’ ဟု ပြောဆိုနေရန်သာရှိပေသည်။ ၎င်းပြင် အသင့်အဖို့(နောင်တမလွန်၌ပြစ်ဒဏ်ခံစားရန်လည်း) ပြဌာန်းချက်တစ်ခု ရှိသေး၏။ အသင်သည်ယင်းပြဋ္ဌာန်းချက်မှ လွဲစေခြင်းကို အလျှင်း ခံရလိမ့်မည်မဟုတ်ပေ။ ထို့ပြင် အသင်သည် အစဉ်မပြတ် စွဲလမ်းလျက်ရှိခဲ့သော မိမိ ကိုးကွယ်ရာကို ရှုလော့။ ဧကန်မလွဲ ငါတို့သည်၎င်းအား မီးချပြီးနောက် အမှန်စင်စစ် ၎င်း(၏ပြာ)ကို မြစ်ထဲ၌ကြဲ(၍မျှော)ကြမည်ဖြစ်သည်။
Hashim Tin Myint
၎င်း(တမန်‌တော်မူစာ)က (စာမိရီကို)‌ပြောဆိုခဲ့သည်- သို့ဖြစ်လျှင် အသင်ထွက်သွား‌တော့။ အမှန်စင်စစ် အသင့်တွင် ဤဘဝတစ်‌လျှောက်လုံး(ခံစားရမည့် ပြစ်ဒဏ်ကမူ) အသင်သည် (အသင်၏အနီးသို့ ကပ်လာသည့်သူများအား ကျွန်ုပ်ကို)မထိနှင့် (မထိနှင့်)ဟူ၍ ‌ပြောဆို‌နေရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင့်အတွက် (တမလွန်ဘဝ၏ပြစ်ဒဏ်သည်လည်း) သတ်မှတ်ထားမှုတစ်ခုရှိ‌သေးသည်။ အသင်သည် ထိုသတ်မှတ်ချက်မှ လွဲ‌စေခြင်း လုံးဝခံရမည် မဟုတ်‌ပေ။ ထို့ပြင် အသင်သည် အမြဲစွဲ‌နေခဲ့‌သော အသင်၏ကိုးကွယ်ရာကို ကြည့်ပါ။ အမှန်ပင် ငါတို့သည် ထိုအရာကို မီးရှို့ပြီး အမှန်ပင် ၎င်း(၏ပြာ)ကို မြစ်ထဲတွင် ကြဲချကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek