×

(ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ယခင်က လွန်လေပြီးသော စံနမူနာယူဖွယ်ရာ) ဖြစ်စဉ်များ၏သတင်းအချက်အလက်များနှင့်အကြောင်းအရာများကို ထိုကဲ့သို့ပင် ပြန်ပြောင်း မိန့်ကြားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား 20:99 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:99) ayat 99 in Burmese

20:99 Surah Ta-Ha ayat 99 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 99 - طه - Page - Juz 16

﴿كَذَٰلِكَ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ مَا قَدۡ سَبَقَۚ وَقَدۡ ءَاتَيۡنَٰكَ مِن لَّدُنَّا ذِكۡرٗا ﴾
[طه: 99]

(ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ယခင်က လွန်လေပြီးသော စံနမူနာယူဖွယ်ရာ) ဖြစ်စဉ်များ၏သတင်းအချက်အလက်များနှင့်အကြောင်းအရာများကို ထိုကဲ့သို့ပင် ပြန်ပြောင်း မိန့်ကြားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင့်ထံတော်မှ သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကို ချီးမြှင့်ပေးအပ်တော်မူ၏။

❮ Previous Next ❯

ترجمة: كذلك نقص عليك من أنباء ما قد سبق وقد آتيناك من لدنا, باللغة البورمية

﴿كذلك نقص عليك من أنباء ما قد سبق وقد آتيناك من لدنا﴾ [طه: 99]

Ba Sein
၉၉။ ဤကဲ့သို့ငါသည် သင်မိုဟမ္မဒ်အား ရှေးဖြစ်နောက်ဟောင်းအချို့တို့ကို ဗျာဒိတ်ပေးတော်မူ၏။ ထို့အပြင်ငါသည် သင့်အား အထံတော်မှ သတိပေးကျမ်းတော်ကို ချပေးသနားတော်မူ၏။
Ghazi Mohammad Hashim
ယင်းကဲ့သို့ပင် ငါအရှင်မြတ်သည် အသင်၏ ရှေ့ဝယ် လွန်လေပြီးသောဖြစ်စဉ်များ၏ အကြောင်း သတင်းများကို ပြန်ပြောင်းမိန့်ကြားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား မိမိအထံတော် မှ (ကုရ်အာန်တည်းဟူသော)သတိပေးနှိုးဆော်သည့်ကျမ်းဂန်တစ်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။
Hashim Tin Myint
ထိုသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီက လွန်ခဲ့‌သောသူများ၏အ‌ကြောင်းကို အသင်၏အ‌ပေါ်တွင် အမှန်စင်စစ် ‌ပြောပြ‌တော်မူသည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင်မြတ်ထံ‌တော်မှ သတိ‌ပေးနှိုး‌ဆော်သည့် ကျမ်းဂန်တစ်‌စောင်(ကုရ်အာန်)ကို ‌ပေးသနား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek