×

ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံခဲ့သော မြို့ရွာနယ်မြေဒေသများ မည်ရွေ့မည်မျှကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေတော်မူပြီး သူတို့နောက်တွင် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ 21:11 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:11) ayat 11 in Burmese

21:11 Surah Al-Anbiya’ ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 11 - الأنبيَاء - Page - Juz 17

﴿وَكَمۡ قَصَمۡنَا مِن قَرۡيَةٖ كَانَتۡ ظَالِمَةٗ وَأَنشَأۡنَا بَعۡدَهَا قَوۡمًا ءَاخَرِينَ ﴾
[الأنبيَاء: 11]

ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံခဲ့သော မြို့ရွာနယ်မြေဒေသများ မည်ရွေ့မည်မျှကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေတော်မူပြီး သူတို့နောက်တွင် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူ (ခဲ့ကြောင်း လူ့သမိုင်းစာမျက်နှာများတွင် လေ့လာသိမြင်နိုင်) ၏။

❮ Previous Next ❯

ترجمة: وكم قصمنا من قرية كانت ظالمة وأنشأنا بعدها قوما آخرين, باللغة البورمية

﴿وكم قصمنا من قرية كانت ظالمة وأنشأنا بعدها قوما آخرين﴾ [الأنبيَاء: 11]

Ba Sein
၁၁။ မတရားမှုတွင် နစ်မြုပ်နေသောလူမျိုးစုအမြောက်အများကို ငါအရှင်မြတ်သည် ဖျက်ဆီးရုပ်သိမ်းတော်မူ၍ ၎င်းတို့နောက် အခြားလူမျိုးစုကို ဖန်ဆင်းတော်မူ၏။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည် များစွာသောကျူးလွန်လျက်ရှိခဲ့သောမြို့ရွာများကို ပျက်စီးစေတော်မူခဲ့၏။ ၎င်းပြင်ယင်းမြို့ရွာများ(ပျက်စီးသွားပြီး)နောက်တွင် ငါအရှင်မြတ်သည်အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူခဲ့၏။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ကျူးလွန်‌နေ‌သော မြို့ရွာအ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ထိုမြို့ရွာများ၏‌နောက်တွင် ငါအရှင်မြတ်သည် အခြားလူမျိုးများကို ‌ပေါ်ထွန်း‌စေ‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek