×

အကယ်၍ သူတို့သည် မျက်နှာလွှဲ၍ ကျောခိုင်းကြလျှင် (သူတို့အား) “ကျွန်ုပ်သည် (အမှန်တရားသစ္စာ နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ရာ၌) အသင်တို့အားလုံးကို ညီတူညီမျှပင် အတိအလင်း 21:109 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:109) ayat 109 in Burmese

21:109 Surah Al-Anbiya’ ayat 109 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 109 - الأنبيَاء - Page - Juz 17

﴿فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٖۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٞ مَّا تُوعَدُونَ ﴾
[الأنبيَاء: 109]

အကယ်၍ သူတို့သည် မျက်နှာလွှဲ၍ ကျောခိုင်းကြလျှင် (သူတို့အား) “ကျွန်ုပ်သည် (အမှန်တရားသစ္စာ နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ရာ၌) အသင်တို့အားလုံးကို ညီတူညီမျှပင် အတိအလင်း အသိပေးကြေ ညာခဲ့ပြီးဖြစ်၏။ သင်တို့အား ကတိတော်ထားရှိခြင်းခံကြရသောအရာ (မကောင်းမှုအတွက် ပျက်စီးကိန်းနှင့်ကောင်း မှုအတွက် အောင်မြင်သည့်ပန်းတိုင်) သည် နီးသည် ဝေးသည်ကိုမူ ကျွန်ုပ်မသိပေ။” ဟု ပြောကြားလော့။

❮ Previous Next ❯

ترجمة: فإن تولوا فقل آذنتكم على سواء وإن أدري أقريب أم بعيد ما, باللغة البورمية

﴿فإن تولوا فقل آذنتكم على سواء وإن أدري أقريب أم بعيد ما﴾ [الأنبيَاء: 109]

Ba Sein
၁ဝ၉။ သို့သော်သူတို့သည် မနှစ်သက်ငြင်းဆန်လျှင် သင်ဟောကြားလော့၊ သင်တို့အား ဂတိပေးထားတော်မူသော နေ့တော်ကြီးသည် နီးကပ်လာသည်ကိုသော်လည်းကောင်း၊ ဝေးကွာသေးသည်ကိုသော်လည်းကောင်း ငါမသိငြား သော်လည်း ငါသည် သင်တို့အားလုံးကို သတိပေးဟောပြောပြီးပြီ။
Ghazi Mohammad Hashim
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲ ငြင်းဆန်ခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား အချင်းတို့) ငါသည်အသင်တို့အား တိလင်းထင်ရှားစွာ အသိပေး(ကြေညာ) ခဲ့ပြီးဖြစ်သည်။ အသင်တို့ ချိန်းချက် ခြင်းခံကြရသောကိစ္စသည်နီးသည် ဝေးသည်ကိုမူ ငါမသိဟု ပြောကြားပါလေ။
Hashim Tin Myint
ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲခဲ့ကြလျှင် (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့အား ရှင်းလင်းစွာ အသိ‌ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သော ကိစ္စသည် နီးသည် ‌ဝေးသည်ကို ငါမသိ‌ပေ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek