﴿لَوۡ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَاۚ فَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ ﴾
[الأنبيَاء: 22]
အကယ်၍ ယင်း (မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်) တို့နှစ်ခုစလုံးတွင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား (သက်ရှိသက်မဲ့ရုပ်ပွားဆင်းတု အစရှိသော) ကိုးကွယ်ရာများရှိခဲ့ကြလျှင် (မိုးကောင်းကင်များနှင့်ကမ္ဘာ ဂြိုဟ်တို့၏လည်ပတ်မှုဆိုင်ရာ နိယာမများနှင့်နည်းစနစ်များသည် တသမတ်တည်း တစ်ပုံတည်းမရှိဘဲ အမျိုးမျိုးကွဲပြားလျက် ဖရိုဖရဲဖြစ်ကာ) ယင်းတို့နှစ်ခုစလုံးသည် ဧကန်မုချ ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်။ သို့ဖြစ်ပေရာ (စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍ သူတို့ကြံစည်ဖန်တီးထားသောအရာများမှ (လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ် တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။
ترجمة: لو كان فيهما آلهة إلا الله لفسدتا فسبحان الله رب العرش عما, باللغة البورمية
﴿لو كان فيهما آلهة إلا الله لفسدتا فسبحان الله رب العرش عما﴾ [الأنبيَاء: 22]