Quran with Burmese translation - Surah Al-Anbiya’ ayat 43 - الأنبيَاء - Page - Juz 17
﴿أَمۡ لَهُمۡ ءَالِهَةٞ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ ﴾
[الأنبيَاء: 43]
﴿أم لهم آلهة تمنعهم من دوننا لا يستطيعون نصر أنفسهم ولا هم﴾ [الأنبيَاء: 43]
Ba Sein ၄၃။ သို့မဟုတ် သူတို့မှာ သူတို့ကို ငါအရှင်မှ ကာကွယ်မည့်ဘုရားများရှိကြသလော၊ သူတို့သည် မိမိကိုယ်ကို မိမိမကူညီနိုင်ချေ၊ သို့မဟုတ် သူတို့ကို ငါအရှင်မှ ကာကွယ်၍မရနိုင်ချေ။ |
Ghazi Mohammad Hashim ၎င်းတို့၌ ငါအရှင်မြတ်အပြင် မိမိတို့အား ကာကွယ်အံ့သောကိုးကွယ်ရာများ ရှိကြလေသလော။ (စင်စစ်)ယင်းကိုးကွယ်ရာများသည် မိမိတို့ကိုယ်ကိုပင် ကူညီရန် တတ်စွမ်းနိုင်ကြသည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့သည် ငါအရှင်မြတ်(၏ပြစ်ဒဏ်မှ) ကာကွယ်စောင့်ရှောက်ခြင်းကို ခံကြရမည်လည်း မဟုတ်ပေ။ |
Hashim Tin Myint သို့မဟုတ် သူတို့တွင် ငါအရှင်မြတ်မှလွဲ၍ သူတို့ကို ကာကွယ်မည့်ကိုးကွယ်ရာများ ရှိကြသလော။ အမှန်စင်စစ် ထိုကိုးကွယ်ရာများသည် သူတို့ကိုယ်သူတို့ပင် ကူညီရန် တတ်စွမ်းနိုင်သည် မဟုတ်ကြပေ။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်(၏ ပြစ်ဒဏ်)မှ ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ |