Quran with Burmese translation - Surah Al-Anbiya’ ayat 46 - الأنبيَاء - Page - Juz 17
﴿وَلَئِن مَّسَّتۡهُمۡ نَفۡحَةٞ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ﴾
[الأنبيَاء: 46]
﴿ولئن مستهم نفحة من عذاب ربك ليقولن ياويلنا إنا كنا ظالمين﴾ [الأنبيَاء: 46]
Ba Sein ၄၆။ ထို့အပြင်သင်၏ကျေးဇူးတော်သခင်၏ အပြစ်ဒဏ်တော်သည် သူတို့ကို အနည်းငယ်မျှထိလျှင် သူတို့သည် ဒုက္ခပဲ ငါတို့သည် မတရားမှုကို ကျူးလွန်သူတို့အမှန်ဖြစ်၏ဟု မုချဧကန်ဝန်ခံကြလတ္တံ့။ |
Ghazi Mohammad Hashim ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင် ၎င်းတို့က "ဪ-ကျွန်ုပ်တို့ဖြစ်မှဖြစ်ရလေခြင်း၊ ကျွန်ုပ်တို့သည်သာလျှင် မတရားမှုကို ကျူးလွန်သော သူများဖြစ်ကြသည်" ဟု (ညည်းညူမြည်တမ်း) ပြောဆိုကြပေမည်။ |
Hashim Tin Myint ထို့ပြင် အမှန်ပင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ပြစ်ဒဏ်မှ ငွေ့မျှပင် သူတို့အပေါ်၌ သက်ရောက်ခဲ့လျှင် မုချသူတို့က ပြောဆိုကြမည်- “ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်။“ |