×

စင်စစ် ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ပကတိမျှတမှု၊ ပကတိတရားဥပဒေချိန်ခွင်လျှာပေါ် တွင် ထားရှိ၍ စီရင်တော်မူမည် ဖြစ်သောကြောင့် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ 21:47 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:47) ayat 47 in Burmese

21:47 Surah Al-Anbiya’ ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 47 - الأنبيَاء - Page - Juz 17

﴿وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٞ شَيۡـٔٗاۖ وَإِن كَانَ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ ﴾
[الأنبيَاء: 47]

စင်စစ် ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ပကတိမျှတမှု၊ ပကတိတရားဥပဒေချိန်ခွင်လျှာပေါ် တွင် ထားရှိ၍ စီရင်တော်မူမည် ဖြစ်သောကြောင့် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ အနည်းငယ်စိုးစဉ်းမျှပင် မတော်မတရားစီရင်ခြင်းခံရမည် မဟုတ်ပေ။ အကယ်၍ (တစ်ဦး တစ်ယောက်၌) မုန်ညင်းစေ့ တစ်စေ့မျှ အလေးချိန်ရှိသော (ကောင်းမှုပင်) ရှိခဲ့လျှင်ပင် ငါအရှင်မြတ်သည် ယင်း (အမှုန်ပမာသေး နုတ်သောကောင်းမှု) ကိုလည်း (အစားပေးစေတော်မူရန် အရှင့်ရှေ့တော်မှောက်သို့) ယူဆောင်စေတော်မူမည် သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်သည်ပင် (လုပ်ရပ်ဟူသမျှနှင့်စပ်လျဉ်း၍ စစ်ဆေးတော်မူ၍ ပကတိအတိုင်း) စာရင်းရှင်းတော်မူသောအရှင်အဖြစ် လုံလောက်တော်မူ၏။

❮ Previous Next ❯

ترجمة: ونضع الموازين القسط ليوم القيامة فلا تظلم نفس شيئا وإن كان مثقال, باللغة البورمية

﴿ونضع الموازين القسط ليوم القيامة فلا تظلم نفس شيئا وإن كان مثقال﴾ [الأنبيَاء: 47]

Ba Sein
၄၇။ ထို့အပြင်ငါသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ မည်သည့်ဝိညာဉ်ကိုမျှ မတရားမပြုစေခြင်းငှာ ဖြောင့် မတ်မှန်ကန်သောစည်းချိန်ကို အသင့်ဆင်ထားတော်မူ၏၊ အကယ်၍အကြင်သူ၏ ပြုကျင့်မှုသည် မုန်ညင်းစေ့ခန့်မျှ ရှိသော်လည်း ထိုအမှုကို ငါထင်ရှားစေတော်မူ၏၊ ထို့အပြင်စာရင်းရှင်းဖို့ရာ ငါနှင့်ပင်လုံလောက်ပြီ။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်‌နေ့တွင် မျှတ‌သောချိန်ခွင်များ*ကို ထား‌တော်မူမည်။ သို့ဖြစ်ရာ မည်သူမျှ အနည်းငယ်မျှပင် မတရားနှိပ်စက်ခြင်းကို ခံရမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ (တစ်စုံတစ်ဦးတွင်) မုန်ညင်း‌စေ့ခန့် အ‌လေးချိန်ရှိ‌သော (‌ကောင်းမှု)ရှိလျှင်လည်း ငါအရှင်မြတ်သည် ထိုမုန်ညင်း‌စေ့ခန့်(‌ကောင်းမှု)ကိုလည်း (‌ရှေ့၌)ယူ‌ဆောင်လာမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ပင် စစ်‌ဆေးသူအဖြစ် လုံ‌လောက်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek