Quran with Burmese translation - Surah Al-Anbiya’ ayat 45 - الأنبيَاء - Page - Juz 17
﴿قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ﴾
[الأنبيَاء: 45]
﴿قل إنما أنذركم بالوحي ولا يسمع الصم الدعاء إذا ما ينذرون﴾ [الأنبيَاء: 45]
Ba Sein ၄၅။ အို--မိုဟမ္မဒ်၊ သင်သည် လူသားတို့အား ဟောပြောလော့၊ ငါသည် သင်တို့ကို အရှင်မြတ်က ငါ၏စိတ်နှလုံး အတွင်း၌ ထင်ရှားစေတော်မူသောဗျာဒိတ်တော်အားဖြင့် သတိပေးဟောပြော၏၊ သို့သော်နားပင်းသူတို့သည် သူတို့အား သတိပေးသောအခါ တရားတော်ကို မကြားကြချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အား "ဝဟ်ယ်" အမိန့်တော်ဖြင့် သတိပေးနှိုးဆော်ခြင်းသာဖြစ်သည်။ သို့ရာတွင် နားပင်းသူများမှာမူကား သတိပေးနှိုးဆော်ခြင်း ခံကြရသောအခါ ဟစ်ခေါ်ခြင်းကိုပင် မကြားကြချေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အသင်တို့ကို ဝဟီအမိန့်တော်နှင့် သတိပေးနှိုးဆော်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နားပင်းသူများကမူ သတိပေးနှိုးဆော်ခြင်းခံကြရသည့်အခါ ဟစ်အော်သည်ကိုပင် မကြားကြပေ။ |