Quran with Burmese translation - Surah Al-Anbiya’ ayat 56 - الأنبيَاء - Page - Juz 17
﴿قَالَ بَل رَّبُّكُمۡ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلَّذِي فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّٰهِدِينَ ﴾
[الأنبيَاء: 56]
﴿قال بل ربكم رب السموات والأرض الذي فطرهن وأنا على ذلكم من﴾ [الأنبيَاء: 56]
Ba Sein ၅၆။ တမန်တော်အေဗရာဟမ်က ငါသည် လူပျက်မဟုတ်၊ သို့သော်သင်တို့၏အရှင်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် ၎င်းတို့ကို ဖန်ဆင်းတော်မူ၏၊ ငါသည် ဤ အကြောင်းကို သက်သေခံသူတို့တွင် အပါအဝင်ဖြစ်၏ဟု ပြန်ဖြေ၏။ |
Ghazi Mohammad Hashim အိဗ်ရာဟီမ်က ထိုသို့အလျင်းမဟုတ်။ စင်စစ် အသင်တို့၏ အရှင်သခင်သည်ကား မိုးကောင်းကင်များနှင့်ပထဝီမြေကို စိုးပင်တော်မူသော အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းအပြင် ငါသည်ဤသည်နှင့်စပ်လျဉ်း၍ သက်သေများတွင် တစ်ဦးအပါအဝင်ပင်ဖြစ်သည်ဟု (ဖြေကြား)ခဲ့လေသည်။ |
Hashim Tin Myint ၎င်းက ပြောသည်- “ထိုသို့ မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို စိုးပိုင်တော်မူသော အကြင်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါသည် ထိုအရာနှင့်ပတ်သက်၍ သက်သေများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။“ |