Quran with Burmese translation - Surah Al-Anbiya’ ayat 57 - الأنبيَاء - Page - Juz 17
﴿وَتَٱللَّهِ لَأَكِيدَنَّ أَصۡنَٰمَكُم بَعۡدَ أَن تُوَلُّواْ مُدۡبِرِينَ ﴾
[الأنبيَاء: 57]
﴿وتالله لأكيدن أصنامكم بعد أن تولوا مدبرين﴾ [الأنبيَاء: 57]
Ba Sein ၅၇။ ထို့အပြင်သူက ဆက်လက်၍ပြောသည်မှာ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကြောင့် သင်တို့သည် ကျောခိုင်း၍ ထွက်ခွာသွားသောအခါ ငါသည် သင်တို့၏ရုပ်ပွားများကို လှည့်ဖြားမည်။ |
Ghazi Mohammad Hashim ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ကစမ်၊ ငါသည်အသင်တို့၏ (ကိုးကွယ်ရာဖြစ်သော) ရုပ်ပွားဆင်းတု များနှင့်စပ်လျဉ်း၍ အသင်တို့ပြန်သွားကြပြီးနောက် လျှို့ဝှက်ကြံစည်မည်ဖြစ်သည်။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြောမည်၊ ငါသည် အသင်တို့၏ (ကိုးကွယ်ရာများဖြစ်သည့်) ရုပ်တုများနှင့်ပတ်သက်၍ အသင်တို့ပြန်သွားကြပြီးနောက် လျှို့ဝှက်အကြံအစည် ပြုလုပ်မည်ဖြစ်သည်။ |