Quran with Burmese translation - Surah Al-Anbiya’ ayat 94 - الأنبيَاء - Page - Juz 17
﴿فَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا كُفۡرَانَ لِسَعۡيِهِۦ وَإِنَّا لَهُۥ كَٰتِبُونَ ﴾
[الأنبيَاء: 94]
﴿فمن يعمل من الصالحات وهو مؤمن فلا كفران لسعيه وإنا له كاتبون﴾ [الأنبيَاء: 94]
Ba Sein ၉၄။ ထိုအခါအကြင်သူသည် ကောင်းမှုကုသိုလ်ပြု၍ ယုံကြည်သူဖြစ်အ့ံ၊ ထိုသူ၏ ကြိုးစားမှုကို ပယ်ရှားမည်မဟုတ်ချေ၊ မှတ်သားကြလော့၊ ငါသည် ဤအမှုများကို သူ့အတွက် စာရင်းတင်ထားတော်မူ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူအံ့။ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့။ သို့ဖြစ်လျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ရှားခြင်းခံရမည် မဟုတ်ပေ။မချွတ်ဧကန် ငါအရှင်မြတ်သည် ယင်းအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ မည်သူမဆို အီမာန်ယုံကြည်သူဖြစ်လျက် ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သူဖြစ်မည်ဆိုလျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ဖယ်ရှားခံရမည် မဟုတ်ပေ။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ |