Quran with Burmese translation - Surah Al-Anbiya’ ayat 98 - الأنبيَاء - Page - Juz 17
﴿إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ ﴾
[الأنبيَاء: 98]
﴿إنكم وما تعبدون من دون الله حصب جهنم أنتم لها واردون﴾ [الأنبيَاء: 98]
Ba Sein ၉၈။ အို--သင်ရုပ်ပွားဆင်းတုဝါဒီတို့၊ မှတ်သားကြလော့၊ သင်တို့နှင့်တကွ အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သော ဘုရားပျက်တို့သည် အဝီစိငရဲမီး၏ လောင်စာထင်းများသာဖြစ်ကြ၏၊ သင်တို့သည် ငရဲမီးထဲသို့ လားကြရမည်။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ကိုးကွယ်ကြ သည်များသည်လည်းကောင်း၊ ဂျဟန္နမ်ငရဲဘုံ၏ လောင်စာများပင် ဖြစ်ကြကုန်၏။ အသင်တို့အားလုံး ပင် ယင်းဂျဟန္နမ်ငရဲဘုံတွင်းသို့ ဆိုက်ရောက်ရမည့် သူများသာ ဖြစ်ကြကုန်၏။ |
Hashim Tin Myint အမှန်စင်စစ် အသင်တို့နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် ဂျဟန္နမ်ငရဲဘုံ၏လောင်စာများပင် ဖြစ်ကြသည်။ အသင်တို့အားလုံးသည် ထိုငရဲဘုံထဲသို့ ဆိုက်ရောက်ရမည့်သူများပင် ဖြစ်ကြသည်။ |