Quran with Burmese translation - Surah Al-Anbiya’ ayat 97 - الأنبيَاء - Page - Juz 17
﴿وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ ﴾
[الأنبيَاء: 97]
﴿واقترب الوعد الحق فإذا هي شاخصة أبصار الذين كفروا ياويلنا قد كنا﴾ [الأنبيَاء: 97]
Ba Sein ၉၇။ ထို့အပြင်ဂတိသစ္စာမှန်တော်သည် နီးကပ်လာသည်၊ ထိုအခါကြည့်ကြလော့၊ အယူလွဲသူမိစ္ဆာမိုက်တို့သည် ကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့် မျက်လုံးမျက်ဆံပြူးပြူးထွက်၍ ငေးကြည့်နေကြလတ္တံ့၊ ထို့အပြင်သူတို့မြည်တမ်း ညည်းညူကြမည်မှာ အကျွနု်ပ်တို့ဒုက္ခတွေ့ကြပြီ၊ အကျွနု်ပ်တို့သည် ဤအရာကို မေ့မေ့ပျောက်ပျောက်နေခဲ့ကြ လေပြီ၊ စင်စစ်အားဖြင့် အကျွနု်ပ်တို့သည် မတရားကျင့်ကြံသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ ၎င်းတို့သည်) ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ မချွတ်ဧကန် ကျွန်ုပ်တို့သည် ဤ(ကိယာ မတ်နေ့)ကိုဂရုမထား မေ့လျော့၍သာ နေခဲ့ကြလေသည်။ စင်စစ်မှာကား ကျွန်ုပ်တို့သည်သာလျှင် အပြစ်ကျူးလွန်သူများ ဖြစ်ကြသည်ဟု ညည်းညူမြည်တမ်း ကြပေမည်။ |
Hashim Tin Myint ထို့ပြင် မှန်ကန်စွာ ချိန်းဆိုထားသည့်အချိန်(ကိယာမသ်နေ့)သည် နီးကပ်လာခဲ့ပေပြီ။ ထိုအခါ ချက်ချင်းပင် ကာဖိရ်များ၏မျက်လုံးများသည် ပြူးကျယ်နေကြလိမ့်မည်။ “ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤနေ့ကို မေ့ပြီးနေခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင် အပြစ်ကျူးလွန်သူများဖြစ်ခဲ့ကြသည်“ဟု ညည်းညူပြောဆိုကြမည်။ |