×

မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော် (မုဟမ္မဒ်) အား ဤလောကီဘဝတွင် (အောင်ပွဲခံရန်) လည်းကောင်း၊ နောင်တမလွန်တွင် (ပေါက်မြောက်အောင်မြင်ရန်) လည်းကောင်း၊ အလျှင်း 22:15 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:15) ayat 15 in Burmese

22:15 Surah Al-hajj ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 15 - الحج - Page - Juz 17

﴿مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ ٱللَّهُ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ فَلۡيَمۡدُدۡ بِسَبَبٍ إِلَى ٱلسَّمَآءِ ثُمَّ لۡيَقۡطَعۡ فَلۡيَنظُرۡ هَلۡ يُذۡهِبَنَّ كَيۡدُهُۥ مَا يَغِيظُ ﴾
[الحج: 15]

မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော် (မုဟမ္မဒ်) အား ဤလောကီဘဝတွင် (အောင်ပွဲခံရန်) လည်းကောင်း၊ နောင်တမလွန်တွင် (ပေါက်မြောက်အောင်မြင်ရန်) လည်းကောင်း၊ အလျှင်း အကူအညီ ပေးတော်မူမည် မဟုတ်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် (အရှင့်ထံတော်မှ တမန်တော်မြတ်ထံ ဝဟီအမိန့် တော်ထုတ်ပြန်ပို့ချတော်မူခြင်းအား ရပ်တန့်စေနိုင်ရန်အတွက်) မိုးကောင်းကင်အထိ ပေါက်ရောက်သည့်နည်းလမ်း အကြောင်းခံတစ်စုံတစ်ခုဖြင့် မိုးကောင်းကင်သို့ ထိုးဖောက်ရန် တိုးချဲ့လုပ်ဆောင်ခွင့်ရပါစေ။ ထို့နောက် သူသည် (သူ့ထိုစီမံကိန်း) ဖြတ်တောက်ရပ်စဲနိုင်သောကြောင့် ယင်းကို စောင့်ကြည့်ခွင့်လည်း ရပါစေ။ သူ၏ထိုစီမံ ကိန်းအကြံအစည်သည် သူ့အားဒေါသဖြစ်သောအရာများကို ဖယ်ရှားစေမည်လော။

❮ Previous Next ❯

ترجمة: من كان يظن أن لن ينصره الله في الدنيا والآخرة فليمدد بسبب, باللغة البورمية

﴿من كان يظن أن لن ينصره الله في الدنيا والآخرة فليمدد بسبب﴾ [الحج: 15]

Ba Sein
၁၅။ အကြင်သူက အလ္လာဟ်အရှင်မြတ်သည် တမန်တော်မိုဟမ္မဒ်အား ဤဘဝနောင်ဘဝနှစ်ဖြာသောဘဝတွင် စောင်မ တော်မူမည်မဟုတ်ဟု တွေးတောလတ့ံ၊ ထိုသူအား ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်စေလော့၊ ထို့နောက်ထိုကြိုးကို ဖြတ်စေလော့၊ ထိုသူသည် မိမိ၏ဥပါယ်တမျည်သည့် သူ့အား ဒေါသထွက်စေသောအရာကို ဖယ်ပစ်နိုင်သလားကို ကြည့်စေလော့။
Ghazi Mohammad Hashim
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။
Hashim Tin Myint
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို ဤဘဝနှင့်တမလွန်ဘဝတတွင် ကူညီမည့်သူ မဟုတ်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် ကြိုးတစ်‌ချောင်းဖြင့် မိမိလည်ပင်းအား ချည်ပြီး (အိမ်)‌ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းကာ (မိမိလည်မျိုကို) ညှစ်သတ်ရမည်။ (ကြိုးဆွဲချ ‌သေလိုက်ရမည်)။ ထို့‌နောက် မိမိအကြံအစည်သည် ‌ဒေါသထွက်သည့်ကိစ္စကို ‌ပျောက်ကွယ်သွား‌စေသ‌လောဟု စဉ်းစားကြည့်ရမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek