Quran with Burmese translation - Surah Al-hajj ayat 3 - الحج - Page - Juz 17
﴿وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٖ وَيَتَّبِعُ كُلَّ شَيۡطَٰنٖ مَّرِيدٖ ﴾
[الحج: 3]
﴿ومن الناس من يجادل في الله بغير علم ويتبع كل شيطان مريد﴾ [الحج: 3]
Ba Sein ၃။ လူသားတို့အနက် အသိတရားမရှိပဲ အလ္လာအရှင်မြတ်နှင့်စပ်လျဉ်း၍ ငြင်းခုံပြောဆိုပြီးလျှင် တော်လှန်သော ရှိုင်တန်မာရ်နတ်နောက်သို့ တကောက်ကောက်လိုက်သူရှိ၏။ |
Ghazi Mohammad Hashim စင်စစ် လူတို့အနက် အကြင်သို့သောသူလည်းရှိ၏။ ထိုသူသည် အသိပညာမရှိဘဲလျက် အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုသည်။ ၎င်းပြင် ထိုသူသည်ဆိုးသွမ်း ပုန်ကန်သော "ရှိုင်တွာန်" မိစ္ဆာကောင် အသီးသီး၏နောက်သို့လိုက်သည်။ |
Hashim Tin Myint ထို့ပြင် လူများထဲတွင် အသိပညာမရှိဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်သည့်သူများလည်း ရှိသည်။* ထို့ပြင် ထိုသူသည် ဆိုးသွမ်းသော ရှိုင်သွာန်တိုင်း၏နောက်လိုက် ပြုလုပ်သည်။ |