Quran with Burmese translation - Surah Al-hajj ayat 38 - الحج - Page - Juz 17
﴿۞ إِنَّ ٱللَّهَ يُدَٰفِعُ عَنِ ٱلَّذِينَ ءَامَنُوٓاْۗ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ خَوَّانٖ كَفُورٍ ﴾
[الحج: 38]
﴿إن الله يدافع عن الذين آمنوا إن الله لا يحب كل خوان﴾ [الحج: 38]
Ba Sein ၃၈။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အယူမှန်သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏၊ မှတ်သား ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ကျေးစွပ်သူတို့ကို ချစ်မြတ်နိုးတော်မမူချေ။ |
Ghazi Mohammad Hashim ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) ခုခံကာကွယ်တော်မူမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သော သစ္စာသွေသူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများဘက်မှ (အန္တရာယ်များကို) တွန်းလှန်ကာကွယ်ပေးတော်မူမည် ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့်ငြင်းပယ်သူ သစ္စာမဲ့သူကိုမှ နှစ်သက်တော်မမူပေ။ |