×

တိုက်ခိုက်ခြင်းခံနေကြရသော ယုံကြည်သူတို့သည် (မယုံကြည်သူတို့၏) မတော်မတရား နှိပ်စက်ညှဉ်း ပန်းခြင်းကို ခံကြရသောကြောင့် (ရန်သူတို့နှင့်အပြန်အလှန်တိုက်ခိုက်ခြင်းကို) ခွင့်ပြုစေတော်မူ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား 22:39 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:39) ayat 39 in Burmese

22:39 Surah Al-hajj ayat 39 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 39 - الحج - Page - Juz 17

﴿أُذِنَ لِلَّذِينَ يُقَٰتَلُونَ بِأَنَّهُمۡ ظُلِمُواْۚ وَإِنَّ ٱللَّهَ عَلَىٰ نَصۡرِهِمۡ لَقَدِيرٌ ﴾
[الحج: 39]

တိုက်ခိုက်ခြင်းခံနေကြရသော ယုံကြည်သူတို့သည် (မယုံကြည်သူတို့၏) မတော်မတရား နှိပ်စက်ညှဉ်း ပန်းခြင်းကို ခံကြရသောကြောင့် (ရန်သူတို့နှင့်အပြန်အလှန်တိုက်ခိုက်ခြင်းကို) ခွင့်ပြုစေတော်မူ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (အောင်ပွဲခံသည်အထိ) ကူညီစောင်မနိုင်စွမ်းရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: أذن للذين يقاتلون بأنهم ظلموا وإن الله على نصرهم لقدير, باللغة البورمية

﴿أذن للذين يقاتلون بأنهم ظلموا وإن الله على نصرهم لقدير﴾ [الحج: 39]

Ba Sein
၃၉။ မတရားနှိပ်စက်ခံရသောကြောင့် စစ်တိုက်သူတို့အား စစ်တိုက်ခွင့်ကို ပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ် သည် သူတို့အား အောင်နိုင်ခြင်းကို မုချဧကန်ပေးစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
Hashim Tin Myint
(ယခုမူ)တိုက်ခိုက်မှုခံ‌နေကြရသည့်သူ (မွတ်စ်လင်မ်)များသည် (ခုခံတိုက်ခိုက်)ခွင့် ရရှိပြီဖြစ်သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် နှိပ်စက်မှုကို ခံခဲ့ကြရသည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အမှန်ပင် ကူညီနိုင်‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek