Quran with Burmese translation - Surah Al-hajj ayat 40 - الحج - Page - Juz 17
﴿ٱلَّذِينَ أُخۡرِجُواْ مِن دِيَٰرِهِم بِغَيۡرِ حَقٍّ إِلَّآ أَن يَقُولُواْ رَبُّنَا ٱللَّهُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٖ لَّهُدِّمَتۡ صَوَٰمِعُ وَبِيَعٞ وَصَلَوَٰتٞ وَمَسَٰجِدُ يُذۡكَرُ فِيهَا ٱسۡمُ ٱللَّهِ كَثِيرٗاۗ وَلَيَنصُرَنَّ ٱللَّهُ مَن يَنصُرُهُۥٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ ﴾
[الحج: 40]
﴿الذين أخرجوا من ديارهم بغير حق إلا أن يقولوا ربنا الله ولولا﴾ [الحج: 40]
Ba Sein ၄ဝ။ အကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်သည် အလ္လာဟ်အရှင်မြတ်ဖြစ်သည်ဟု ဆိုသောကြောင့် ထိုသူတို့သည် မိမိတို့မြို့ရွာနေအိမ်များမှ မတရားပြည်နှင်ဒဏ်ခံရကြ၏၊ အကယ်၍အလ္လာဟ်အရှင်မြတ်သည် အချို့သောသူဆိုး သူမိုက်တို့၏ ပြုမူချက်ကို အချို့သောသူကောင်းသူလိမ္မာတို့နှင့် တားဆီးကန့်ကွက်တော်မမူပဲ လျစ်လျူရှုနေတော် မူပါလျှင် ရသေ့တို့သီတင်းသုံးနေထိုင်ရာတောရကျောင်းများ၊ ခရစ်ယာန်လူမျိုးတို့ဘုရားရှိခိုးကျောင်းများ၊ ယဟူဒီ လူမျိုးတို့ဝတ်ကျောင်းများ၊ မိုအ်မင်န်ပသီတို့၏ ဗလီကျောင်းများသည် အမှန်အကန်ဖျက်ဆီးဖြိုဖျက်ခြင်းခံကြ ရလတ့ံ၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မကြာခဏရွတ်ဖတ်သရဇ္ဈာယ်ကြ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိအား ကူညီစောင့်ရှောက်သောသူတို့ကို မုချဧကန်စောင်မတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ် သည် ခွန်အားဗလရှိတော်မူ၏၊ အနန္တတန်ခိုးတော်ရှိတော်မူ၏။ |
Ghazi Mohammad Hashim အကြင်သူသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့်အကြောင်းမျှမရှိဘဲ) မတရားသဖြင့် မိမိတို့နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရရှာလေသည်။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦးဖြင့် ကာကွယ်တော်မူခြင်း မရှိပါမူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်း များသည်လည်းကောင်း၊ ယဟူဒီဝတ်ကျောင်း များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်များကို များပြားစွာရွတ်ဆိုလျက်ရှိသော မွတ်စ်လင်မ်တို့၏ဗလီ ဝတ်ကျောင်းများသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း ခံကြရမည်အမှန်ပင်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်အား ကူညီသောသူကို မုချကူညီတော်မူမည် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထိုသူများသည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု ပြောဆိုသည်မှလွဲ၍ (အခြား မည်သည့်အကြောင်းမှမရှိဘဲ) သူတို့၏နေအိမ်များမှ မတရားနှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား တစ်ဦးကို တစ်ဦးနှင့် ခုခံကာကွယ်တော်မူခြင်းမရှိခဲ့လျှင်၊ နတ်စ်ွရာနီဘုန်းကြီးကျောင်းများ၊ နတ်စွ်ရာနီဝတ်ကျောင်းတော်များ၊ ယဟူဒီဝတ်ကျောင်းတော်များနှင့် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို များစွာ ရွတ်ဆိုနေကြသော မွတ်စ်လင်မ်များ၏ဗလီဝတ်ကျောင်းတော်များသည် ဖြိုဖျက်ခြင်းခံကြရမည် အမှန်ပင် ြ်ဖစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား ကူညီသည့်သူကို အမှန်ပင် ကူညီတော်မူမည် ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုချ အလွန်အင်အားကြီးတော်မူသောအရှင်၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည်။ |