×

ယုံကြည်သူတို့သည် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကမ္ဘာမြေဝယ် (အုပ်ချုပ်ရေးအခွင့်အာဏာ) ထူထောင်ခွင့်ပေးတော်မူလျှင် သူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အ ညီ မြဲမြံစွာ) 22:41 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:41) ayat 41 in Burmese

22:41 Surah Al-hajj ayat 41 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 41 - الحج - Page - Juz 17

﴿ٱلَّذِينَ إِن مَّكَّنَّٰهُمۡ فِي ٱلۡأَرۡضِ أَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ وَأَمَرُواْ بِٱلۡمَعۡرُوفِ وَنَهَوۡاْ عَنِ ٱلۡمُنكَرِۗ وَلِلَّهِ عَٰقِبَةُ ٱلۡأُمُورِ ﴾
[الحج: 41]

ယုံကြည်သူတို့သည် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကမ္ဘာမြေဝယ် (အုပ်ချုပ်ရေးအခွင့်အာဏာ) ထူထောင်ခွင့်ပေးတော်မူလျှင် သူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အ ညီ မြဲမြံစွာ) ဆောက်တည်ကြသည့်အပြင် ဇကာသ် (ခေါ် တရားတော်အရ ချို့တဲ့ ဆင်းရဲ သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလှုံကြေးကိုလည်း ပေးဆောင်ကြပေမည်။ ထို့ပြင် ကောင်းမြတ်မှု (နှင့်အ ကျင့်သီလကောင်း ဆောက်တည်နိုင်သည့် လမ်းကြောင်း) ဘက်သို့ ဖိတ်ခေါ်ပြီး (စည်းမျဉ်းစည်းကမ်းများအား ဖီဆန်ငြင်း ပယ်ခြင်းမှ ကာကွယ်နိုင်ရန်) မကောင်းမှု ပြုလုပ်ခြင်းအား တားမြစ်ပိတ် ပင်ရန် အမိန့်ပေးတိုက်တွန်းကြပေမည်။ အမှန်သော်ကား စီမံချက်အရေးကိစ္စ (အလုံးစုံ) တို့၏နောက်ဆုံးအကျိုးရလဒ်သည် (အရှင့်နိယာမတရား နှင့်အညီ) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။

❮ Previous Next ❯

ترجمة: الذين إن مكناهم في الأرض أقاموا الصلاة وآتوا الزكاة وأمروا بالمعروف ونهوا, باللغة البورمية

﴿الذين إن مكناهم في الأرض أقاموا الصلاة وآتوا الزكاة وأمروا بالمعروف ونهوا﴾ [الحج: 41]

Ba Sein
၄၁။ အကယ်၍ငါအရှင်မြတ်က သူတို့အား ကမ္ဘာမြေပေါ်တွင် တန်ခိုးအာဏာပေးသနားတော်မူလျှင် ထိုသူတို့သည် ဆွလားသ်ဝတ်ပြုခြင်း၊ ဇကားသ်အလှုကို ပေးခြင်း၊ သနားကြင်နာခြင်းကို ဆင့်ဆိုအားပေးခြင်း၊ မကောင်း ဆိုးသွမ်းမှုကို တားမြစ်ကန့်ကွက်ခြင်းများကို ပြုကြ၏၊ အမှန်မှာ အမှုအခင်းများ၏ ပြီးဆုံးရာသည် အလ္လာဟ် အရှင်မြတ်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အကြင်သူတို့သည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် လွှမ်းမိုးအုပ်စိုးမှုကို ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြပေမည်။ ၎င်းပြင် ဇကာတ်ကိုလည်း ပေးဆပ်ကြပေမည်။ ကောင်းမြတ်သော ကိစ္စများကိုလည်း အမိန့်ပေးကြပေမည်။ မကောင်းမှုများမှလည်း တားမြစ်ကြပေမည်။ အမှန်သော်ကား အရေးကိစ္စ (အလုံးစုံ)တို့၏ နောက်ဆုံးအကျိုးသည်အလ္လာဟ် အရှင်မြတ်အထံတော်၌သာ ရှိပေသည်။
Hashim Tin Myint
အကြင်သူများသည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူများအား ကမာ္ဘတွင် လွှမ်းမိုးအုပ်ချုပ်မှု ‌ပေး‌တော်မူခဲ့လျှင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြမည်။ ထို့ပြင် ဇကာသ်ကိုလည်း ‌ပေး‌ဆောင်ကြမည်။ ထို့ပြင် အ‌ရေးကိစ္စဟူသမျှ၏‌နောက်ဆုံးရလဒ်သည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek