Quran with Burmese translation - Surah Al-hajj ayat 48 - الحج - Page - Juz 17
﴿وَكَأَيِّن مِّن قَرۡيَةٍ أَمۡلَيۡتُ لَهَا وَهِيَ ظَالِمَةٞ ثُمَّ أَخَذۡتُهَا وَإِلَيَّ ٱلۡمَصِيرُ ﴾
[الحج: 48]
﴿وكأين من قرية أمليت لها وهي ظالمة ثم أخذتها وإلي المصير﴾ [الحج: 48]
Ba Sein ၄၈။ ငါအရှင်မြတ်သည် ဒုစရိုက်မကောင်းမှုတွင် နစ်မွန်းနေသောမြို့ရွာနယ်ပယ်အမြောက်အမြားကို ကြာကြာ သည်းခံတော်မူ၏။ ထို့နောက်ငါသည် သူတို့ကို ဖမ်းဆီးတော်မူ၏၊ အပြန်ခရီးသည် ငါ့ထံသို့တည်း။ |
Ghazi Mohammad Hashim စင်စစ် မြောက်မြားစွာသော မြို့ရွာများရှိ၏။ငါအရှင်မြတ်သည် ထိုမြို့ရွာ(သား)တို့ကို ပြစ်မှု ကျူးလွန်သူများဖြစ်နေကြစဉ် (ပြစ်ဒဏ်ခတ်ခြင်းမှ) ရွှေ့ဆိုင်းတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမြို့(သား)တို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းပြင်(ထိုသူတို့အားလုံးသည်) ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည် ဖြစ်ချေသတည်း။ |
Hashim Tin Myint ထို့ပြင် မြို့ရွာများ အမြောက်အမြားရှိသည်။ ငါအရှင်မြတ်သည် ထိုမြို့ရွာသားများအား သူတို့သည် အပြစ်ကျူးလွန်သူများဖြစ်နေကြပါလျက် (ပြစ်ဒဏ်ခတ်ခြင်းကို)ဆိုင်းငံ့ထားတော်မူသည်။ ထို့နောက် (သူတို့သည် ကျူးလွန်မှုထဲတွင်သာ ဇွတ်ပေပြီး ဆက်တိုးနေတော့သည့်အခါတွင်) ငါအရှင်မြတ်သည် ထိုမြို့ရွာသားများကို ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ ထို့ပြင် (သူတို့အားလုံးသည်) ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။ |